Part 3

7.8K 129 0
                                    

(Uni)

သူမကိုရှိင်းဆက်က အိမ်သို့ဘေးကင်းကင်းနဲ့ရောက်အောင်ပို့ပေးလိုက်သည် ။သူမသည်အိမ်သို့ရောက်ပြီးဖြစ်သောကြောင့် ကားပေါ်ကနေဆင်းလိုက်သည်။

"ကိုရှိုင်းဆက် လရိပ်ကိုအခုလိုလိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်"

"ရပါတယ်ဗျာ ဒါနဲ့လရိပ် အိမ်ကိုတစ်ယောက်တည်းပြန်နေကျလား  ရှိန်းကလရိပ်ကိုအကြိုအပို့မလုပ်ပေးဘူးလား "

"ကိုရှိုင်းဆက် ကရှိန်းကိုသိနေတာလား"

"သိပ်သိတာပေါ့ဗျာ ကျောင်းတုန်းကရှိန်းကနာမည်ကြီးလေ ကျွန်တော်ကရှိန်းရဲ့အခန်းဖော်ဆိုတော့သိပ်သိတာပေါ့ မိန်းကလေးတွေရဲ့ ပါးစပ်ဖျားမှာ ရှိန်းဆိုတဲ့နာမည်ဘဲ ပြောနေကြတာ"

ဟုတ်ပါမည်။ ရှိန်းကကျောင်းတုန်းကနာမည်ကြီးသလိုရည်းစားလည်းများသည်။သူရည်စားများတဲ့ပြသနာတွေကိုသူမကဒိုင်ခံဖြေရှင်းခဲ့ရသည်။သူမရည်းစားစာတစ်စောင်ရတာကို ရှိန်းကရည်းစာပေးတဲ့သူအခန်းထိသွားပြီးထိုးကြိတ်သည်။သူမမှာသူ့ကြောင့်သူများခံစားဖူးတဲ့အချစ်ဆိုတဲ့အရာကိုမခံစားခဲ့ဖူးချေ။

"လရိပ် "

"ဟင် ကိုရှိုင်းဆက် ပြော ပြောလေ"

"လရိပ်နဲ့ကျွန်တော် ဒီထက်ပိုပြီးရင်းနှီးချင်တယ် လရိပ်ကိုဆက်သွယ်လို့ရအောင် ဖုန်းနံပါတ်လေးပေးပါလား "

သူမကရှိုင်းဆက် ဖုန်းနံပါတ်တောင်းလာတာကြောင့်တွေဝေသွားမိသည်။သူမဖုန်းထုတ်ပြီးအိမ်ပေါ်သို့လှမ်းကြည့်လိုက်‌သောအခါသူမတွေ့ လိုက်ရသည်ကရှိန်းသည် ၀ရံတာမှာသူမတို့ကိုစိုက်ကြည့်နေသည်ကိုပင်။ရှိန်း၏လက်မှာစီးကရက်ကိုကိုင်ထားပြီးသူမတို့ကို ဆေးလိပ်သောက်ရင်းစူးစူးစိုက်စိုက်ကြည့်နေသည်။သူမကိုခုဆိုရှိန်းအဲ့ဒီလိုမျက်လုံးမျိုးနှင့်စိုက်ကြည့်လာတာသည်ကိုသတိထားမိသည်။

"ဟင်း ငါ့ဘ၀ကိုငါပိုင်တယ် ငါ့ကိုဟိုအရင်က
လိုတားလို့ရမယ်လို့မထင်နဲ့ရှိန်း ငါလည်းငါကြိုက်တာလုပ်မယ် နင်အဲ့လို့ကြည့်နေလည်းငါဂရုမစိုက်တော့ဘူး နင်ကြောင့် ငါခုချိန်ထိရည်းစားမရခဲ့တာ ခုငါအချစ်ဆိုတဲ့အရာကိုစခံစားကြည့်တော့မယ် နင်တားရဲရင်တားစမ်း"

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now