𝐒𝐄𝐕𝐄𝐍 1

5.8K 310 17
                                    

Unicode.....

(အရေးပေါ်ခွဲစိတ်ခန်း......)

"ဂျွန်ဆိုးမင်ရဲ့လူနာရှင်...."

ခွဲခန်းထဲကထွက်လာသည့် ဆရာဝန်၏အသံကြောင့် လက်နှစ်ဖက်ယှဉ်ယှက်ကာ ခေါင်းငုံ့၍ဆုတောင်းနေသည့် အမျိုးသားဟာ ခေါင်းထောင်လာပြီး ထိုင်နေရာမှထ၍ဆရာဝန်အနားသို့အပြေးတစ်ပိုင်းရောက်လို့သွားကာ။

"ဆရာကျွန်တော်မိန်းမနဲ့ကလေးရဲ့အခြေနေဘယ်လိုရှိလဲဆရာ"

"မိခင်တွက်စိတ်မကောင်းပေမယ့် ကလေးကိုတော့ရအောင်ကယ်ခဲ့နိုင်ပါတယ်"

"ခဗျာ!!!"

.

.

***********

"ဒယ်ဒီ...ဒယ်ဒီဘာတွေတွေးနေတာလဲ "

"ဘာမှမ‌တွေးပါဘူးကွာ"

"ဒယ်ဒီကလဲ သားဖခြင်းကိုလျှိုနေပြန်ပြီ သားခေါ်နေတာဖြင့်ကြာလှပြီ ဒယ်ဒီကအတွေးထဲမှာ နစ်မျှောနေတာကို"

ထိုအခါမှ ဒယ်ဒီကပြုံးယုံသာမျှပြုံးကာ။

"ဒါနဲ့ဘယ်ကပြန်လာတာတုန်းကွ အရက်သောက်မလာပါ့လား"

"ဒယ်ဒီသားကလူမိုက်ကြီးမဟုတ်ပါဘူးဗျာ နေ့တိုင်းအရက်မသောက်ပါဘူး"

"လူမိုက်မမည်တဲ့ လူဆိုးကောင်လေကွာ မေးရတာပေါ့"

သားဖနှစ်ယောက်ပြုံးစစနဲ့ပြောနေသည်မို့ တစ်ခြားလူမြင်ရင် သားဖဟုတ်ရဲ့လားလို့တောင်ထင်ကြမည် ဒယ်ဒီနဲ့သူကသူငယ်ချင်းပေါင်းပေါင်းတာမို့ သူ့မှာဒယ်ဒီကိုမပြောရဲတာမရှိသလို ဒယ်ဒီမသိအောင်လုပ်စရာကိစ္စရယ်လို့မရှိ။

"Ring....Ring....Ring...."

အရှေ့မှဒယ်ဒီနဲ့ပြောနေရင်း ဘောင်းဘီအိတ်ထဲကဖုန်းကလာသည်မို့ ဂျောင်ကုဖုန်းကိုနှိုက်ကာထုတ်၍ကြည့်လိုက်မိသည်နှင့် တန်းချပြစ်လိုက်တော့သည်။

"ဘာလို့မကိုင်တာလဲ ဇယားလား"

"ဇယားတော့ဇယားပဲ ဒါပေမယ့် ဒါကအာရုံနောက်စရာအရူပ်ဇယား"

"ဒယ်ဒီသားကိုလွှတ်လပ်ပိုင်ခွင့်အပြည့်ပေးထားတာကိုသားသိတယ်မလား"

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now