𝐒𝐄𝐕𝐄𝐍 4

3.3K 220 3
                                    

Unicode.....

ထယ်ယောင်းသူ့အားကားထဲအတင်းဝင်ခိုင်းနေသည့် လူရမ်းကား လက်ကိုအားဖြင့်ခါချလိုက်ကာ ထိုလူရမ်းကားအားနာနာကျဉ်းကျဉ်းကြည့်မိရင်း။

"မင်းကိုငါမုန်းတယ်!!!! မင်းကိုငါမုန်းတယ်လူရမ်းကားကောင်ရဲ့"

ဂျောင်ကုသူ့အားကြည့်လာ၍ ပြောလာသည့်မျက်ဝန်းညိုညိုတို့အားဆက်မကြည့်နိုင်ဝောာ့တာကြောင့် အရှေ့ကBabyအရင်တစ်ဖက်သို့လှည့်လိုက်မိသည်၊ Babyပါးစပ်ကထွက်သည့်မုန်းသည်ဆိုသည့်စကားက သူ့ကိုတုန်လှုပ်စေသည်ထင်၏။

ဂျောင်ကုBabyဘက်အားပြန်လှည့်လာပြီး ခါချ၍လွတ်သွားသည့် လက်လေးကိုအသာကိုင်လိုက်ကာ ကားဘော်ဒီနဲ့ သူ့ကြားအားထွက်မရအောင်ပိတ်လိုက်မိပြီး။

"ဘယ်လိုလုပ်မလဲ ကိုယ်ကBabyကိုချစ်မိနေပြီ"

"မင်း! ဘယ်လိုတွေလာပြောနေတာလဲ"

"ကိုယ်ကBabyကိုချစ်တယ်လို့ပြောလိုက်တာလေ"

"မင်းသိအောင်ထပ်ပြောမယ် ငါမင်းကိုသေလောက်အောင်ကိုမုန်းတယ်"

"လောင်းမလား Babyပါးစပ်ကနေ မောင့်ဆိုပြီး ကျွန်တော်ကိုချစ်တယ်လို့ပြောလာစေရမယ်ဆိုတာ"

ထယ်ယောင်းနူတ်ခမ်းအားလက်မဖြင့် သုတ်၍ပြောလာသည့် လူရမ်းကားလက်အားပုတ်ထုတ်၍မရအောင် ချုပ်တည်းထားတာကြောင့်။

"မင်းဖယ်ပေး! ငါ့လက်ကိုလွှတ်! လမ်းပေါ်မှာမရမ်းကားနဲ့"

"လမ်းပေါ်မှာရမ်းကားတာမခံချင်ရင် ကားပေါ်တက်"

"မင်း!!!"

ဂျောင်ကုအရှေ့မှ တစ်ဖြေးဖြေးရဲတက်လာသည့် Babyမျက်နှာကြောင့် ‌သူ့ကိုတော်တော်စိတ်ဆိုးနေပြီဆိုတာ ဂျောင်ကုသိလိုက်ပါသည်။

ဘယ်လိုလုပ်မလဲစိတ်ဆိုးနေတာတောင် ချစ်ဖို့ကောင်းပြီးလှနေတော့၊

"ကားပေါ်တက်ရင်ပြီးရောမလား မင်း!ဖယ်!"

ဂျောင်ကုအနည်းငယ်ဖယ်ခွာပေးလိုက်တော့ ဂျောင်ကုရင်ဘတ်ကိုအားဖြင့်တွန်းလိုက်တာမို့ ဂျောင်ကုခြေထောက်ပင်အနောက်သို့ယိုင်းသွားပေမယ့်ဟန်ချက်ပြန်ထိန်းလိုက်နိုင်သည်။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now