𝐒𝐄𝐕𝐄𝐍 27

2.4K 177 10
                                    

Unicode......

ဧည့်ခန်း၏ထောင့်သုံးထောင့်တွင် သူ့နေရာနဲ့သူခုံတွေနေရာချထားသည့်အနှက် မေမေကတစ်ဖက်တွင်ထိုင်နေသော်ငြား လူရမ်းကားဒယ်ဒီကတော့ သူ့တို့နှစ်ယောက်ရဲ့အရှေ့တည့်တည့်တွင်ဝင်ထိုင်၏ လူရမ်းကားနဲ့သူကတော့ ခုံတစ်တန်းထဲတွင်သာ နေရာယူ၍ထိုင်စေသည်။

"ဘယ်လိုဖြစ်နေတာလဲ"

ဘေးတွင်ချထားသည့်သူ့လက်ကိုမရမက ဆုတ်ကိုင်လာသည့်လူရမ်းကားလက်‌ထဲကသူ့လက်ကိုရုန်း၍ ထယ်ယောင်းအံကြိတ်မိကာပင် ဦးခေါင်းအနည်းငယ်လူရမ်းကားဘက်သို့စောင်းငဲ့ရင်းခပ်တိုးတိုးပြောသော်ငြား လက်ကိုထိုအတိုင်းသာဆက်ကိုင်ထားသည့်လူရမ်းကားကြောင့် ထယ်ယောင်းမေမေနဲ့ သူ့ဒယ်ဒီကိုသာအရိပ်အခြေကြည့်နေရတော့သည်။

"သားကဒီကိစ္စတွေဖြစ်ပြီးထဲက တစ်ဖက်က ကလေးကိုလဲသူမေတ္တာမျှနေကြောင်းနဲ့ လက်ထပ်ဖို့အထိရီရွယ်ထားကြောင်းပါ ကျွန်တော်ကိုအသိပေးထားပြီးသားပါ ကျွန်တော်လဲတစ်ဖက်ကအလုပ်တွေကြောင့်ရော ကျန်းမာရေးကြောင့်ရောမို့ အချိန်တွေနောက်ကျသွားခဲ့လို့ ဒီဘက်က ကလေးမိခင်ကိုအညွန်းညွှတ်တောင်းပန်ပါတယ်"

တစ်ဖက်ကပြောလာသည်ကို မေမေကမကောင်းတတ်၍ပြုံးပြနေသလိုမို့ ထယ်ယောင်းမေမေကိုတစ်လှည့် တစ်ဖက်ကလူရမ်းကားဒယ်ဒီကိုတစ်လှည့်လိုက်ငေးကြည့်နေမိသည်၊ မေမေအမူရာကြောင့် လူရမ်းကားဒယ်ဒီကိုလဲစိတ်မခုစေချင်။

"ဖြစ်ပြီးသွားမှတော့ ဘာမှပြောင်းလဲလို့မရနိုင်တော့ဘူး အဲ့ဒါကြောင့် ဒီဘက်ကလူကြီးမင်းက ကလေးတွေအတွက်ဘယ်လိုစီစဉ်ထားသလဲ"

"လက်မှတ်ထိုးယုံလောက်ပဲလုပ်ချင်တယ်မေမေ သားခမ်းခမ်းနားနားကြီးပွဲတွေမကျင်းပချင်ဘူး"

သူ့ကိုလူရမ်းကားက မေမေတို့နဲ့စကားမပြောဖြစ်ခင်ကတည်းက မင်္ဂလာပွဲကိုခမ်းခမ်းနားနားပွဲကျင်းပပေးမယ်လို့ပေးခဲ့ပေမယ့် သူမရမကငြင်းခဲ့တာမို့ သူ့ဒယ်ဒီကိုလဲပွဲမလုပ်ပေးဖို့ရာ လူရမ်းကားကပြောထားသည့်ပုံပင်၊ ဒါကြောင့်သူ့ဒယ်ဒီကလဲ မေမေရဲ့ထိုမေးခွန်းကိုမဖြေနိုင်တာမို့၊ မေမေတို့ကြားထယ်ယောင်းဝင်ပါမိသည်။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now