𝐒𝐄𝐕𝐄𝐍 40

1.9K 134 29
                                    

Unicode.......

မနက်မိုးလင်းတာနဲ့ကြားရသည့်အသံတို့ဟာ ငှက်တို့၏တေးသီသံမဟုတ်သလို၊ကားတို့၏ဆူညံ့နေသည့်အသံတို့ဟာလဲမဟုတ်ခဲ့၊ထိုအသံပိုင်ရှင်တို့ဟာအခန်းတံခါးဝ၌အမွှာနှစ်ကောင်၏‌ အော်ခေါ်နေသည့်အသံတို့ပင်ဖြစ်သည်၊ ဂျောင်ကုရင်ခွင်ထဲမှနှစ်ချိုက်စွာအိပ်ပျော်နေသည့် Babyရဲ့နှာဖူးပြင်သို့အသာယာထိတွေ့လိုက်ရင်းပင်။

"Morning Baby.....ရွှတ်..."

ဆူလို့ထားသည့်နူတ်ခမ်းတစ်စုံကြောင့် မို့တက်နေသည့်ပါးမို့မို့လေးထံဂျောင်ကုနှာခေါင်းနစ်ဝင်လောက်အောင်ထိနမ်းရှုံ့လိုက်သော်ငြား အအိပ်မက်သူဟာနိုးလို့ပင်မလာ။

မထလို့မဖြစ်တော့သည့် နိူးသံ ဆူဆူလေးတို့ကြောင့် ဂျောင်ကုမွေ့ယာပေါ်မှထလိုက်ရင်း ညကBabyကိုသာအဝတ်စားတို့ဝတ်ပေးခဲ့ပေမယ့် သူကတော့အပေါ်ပိုင်း‌ဗလာဖြင့်အိပ်ဆက်ခဲ့သည်မို့ အခန်းတံခါးမဖွင့်ခင် ပေါ့ပေါ့ပါးပါးအင်္ကျီတစ်ထည်အားယူ၍ဝတ်ပြီးကာမှ ဂျစ်တူးနှစ်ယောက်ထံသို့လျှောက်လှမ်းရင်း တံခါးဖွင့်ပေးရတော့၏၊ မနက်မိုးလင်းတာနဲ့တစ်အိမ်လုံးဆူညံအောင်လုပ်တတ်သည့် ထယ်ထယ်အသံအားအားသိသူပီပီ အခန်းတံခါးအားဖွင့်ပြီးတာနဲ့တစ်ပြိုင်နက် ဂျောင်ကုနူတ်ခမ်းရှေ့သို့လက်ညိုးတစ်ချောင်းဖြင့်ရှိူးဆိုသည့်အသံတို့ပြုကာ သားတို့ကိုသတိပေးရသည်။

"ပါးပါးနေလို့သိပ့်မကောင်းဘူး တိုးတိုးနေပေးရမယ်ဒယ်ဒီပြောတာနားလည်လား"

သေချာပြောပြတော့လဲ မျက်ဝန်းဝိုင်းဝိုင်းတို့ဖြင့် သေချာနားထောင်ရှာသည့်အမွှာနှစ်ယောက်ဟာလဲဂျောင်ကုကိုမော့လို့ကြည့်ရင်း ခေါင်းကိုအသာယာငြိမ့်လို့ပြသော်ငြား မျက်ရည်လေးတွေရစ်ဝိုင်းလို့လာသည့်ထယ်ထယ်ကြောင့် ဂျောင်ကုချက်ခြင်းပင်ထယ်ထယ်ကိုကောက်လို့ချီလိုက်ပြီး။

"ဒယ်ဒီသားကြီးကဘာဖြစ်လို့တုန်း"

"ပါပါးက နေလို့ကောင်းမှာလားဟင်"

နူတ်ခမ်းတစ်ဆူဆူဖြင့်ရှုံ့မဲ့ရှုံ့မဲ့လုပ်ကာမေးနေသည့် သားကြီးကတကယ်ပင် Babyသေးသေးလေးလို့ Babyနဲ့တစ်ထေရာတည်းတူသည်။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now