𝐒𝐄𝐕𝐄𝐍 23

2.3K 176 8
                                    

Unicode........

"သားမနိုးသေးဘူးလားထတော့လေ အချိန်မနည်းတော့ဘူး"

မေမေ့နိူးသံကြောင့် ထယ်ယောင်းမျက်လုံးတစ်စုံကိုလက်ဖမိုးဖြင့်ပွတ်သပ်မိရင်း။

"နိုးပြီမေမေ"

"နိုးပြီဆိုရင်လဲထတော့ ပြန်အိပ်မနေနဲ့အုန်းနော်"

"ဟုတ်"

ထယ်ယောင်းမေမေ့ကိုအသံပြန်ပေးပြီးတာနဲ့ မွေ့ယာထပ်မှကျုံးထမိရင်း စားပွဲခုံထပ်ကဖုန်းကိုယူ၍ကြည့်မိတော့ မနက်7နာရီပင်ခွဲလို့နေပြီဖြစ်သော်ငြား ထယ်ယောင်းအိပ်ရေးမဝသေးပါ၊ သူအိပ်ရေးပျက်အောင်လုပ်ထားသည့်တရားခံရောခုချိန်လောက်ဆို လေယာဉ်ပေါ်များရှိနေမလား ဒါမှမဟုတ်ရောက်ပဲရောက်လို့သွားပြီလား။

ထိုအတွေးတို့ကိုခေါင်းထဲကခဏထုတ်ထားလိုက်မိပြီး ရေချိုးခန်းထဲသို့သာဝင်လိုက်တော့သည်။

.

"မောနင်းမေမေ"

မီးဖိုဆောင်ထဲမှာကုတ်ကုတ် ကုတ်ကုတ်နဲ့လုပ်နေသည့် မေမေပါးကိုနောက်ကနေလှစ်ခနဲနမ်းလိုက်မိရင်းမနက်ခင်းလေးကိုပြီးပြည့်စုံစေသည်။

"ဒီကလေး ဘာတွေသဘောကျစရာရှိလို့လဲ"

သူ့ထံကြည့်၍ပြုံးစိစိဖြင့်မေးလာသည့်မေမေ့ကို ထယ်ယောင်းပြန်၍ ပြုံးပြမိရင်း။

"ဒီတိုင်းစိတ်ထဲပျော်နေလို့ပါ"

"အလုပ်ရောအဆင်ပြေရဲ့လားသား"

"ဟုတ်ပြေပါတယ်မေမေ"

"ဆိုင်ပိတ်ရင် ဆိုးဂျွန်ကိုမေမေ့ဆီခေါ်လာခဲ့ပါအုန်း မေမေ့လက်ဆောင်ပေးစရာရှိလို့"

မေမေဆီမှအကိုဆိုးဂျွန်အကြောင်းကြားမိတော့ ဘာရယ်မဟုတ်ထယ်ယောင်းအူတိုတတ်သည့် တစ်စုံတစ်ယောက်ကိုမြင်ယောင်မိကာ နှစ်ချိုက်စွာပြုံးလိုက်မိ၍။

"ဟုတ်မေမေ သားဆိုင်ပိတ်လို့အကိုဆိုးဂျွန်အားရင်ခေါ်လာခဲ့ပါ့မယ်"

"မေမေနွားနိုပူပူလေးဖျော်ထားတယ်သားဖို့ခဏလေး"

စားပွဲထပ်တွင်လဲ သူ့အကြိုက်တွေသာပြင်ပေးထားတတ်သည့်မေမေကဘယ်တော့မှကိုယ့်အကြိုက်ကိုပင်သိပ်မလုပ်၊ သူကြိုက်တာထက်သူ့သားကြိုက်တာတွေကိုသာ လုပ်ပေးတတ်ပြီး ဘယ်အရာပဲဖြစ်ဖြစ်သူ့ကိုသာဦးစားပေးတတ်သည့် မေမေကြောင့် ထယ်ယောင်းငဲ့နေရတာတွေအများကြီး ဒါကြောင့်ခုရွယ်ထိထယ်ယောင်းမေမေမကြိုက်တာတွေကိုရှောင်ကျင်၍နေထိုင်ဖြစ်သည်၊ ဒါပေမယ့် ထယ်ယောင်းမေမေအပေါ်ကိစ္စတစ်ခုတော့ကွယ်ဝှက်ထားမိသည်ကိုတော့လိပ်ပြာမလုံ။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now