𝐒𝐄𝐕𝐄𝐍 33

2K 145 11
                                    

Unicode......

"Babyဆေးသောက်ချိန်ရောက်ပြီ"

စာအုပ်ဖတ်ရင်အိပ်ချင်တယ်ဆိုတဲ့လူက ဆေးသောက်ချိန်ဆို အမြဲစာအုပ်ထထကိုင်တတ်သည်ကအကျင့်တစ်ခုလို၊  ဆေးသောက်ချိန်ဟုဆိုပြီးတာနဲ့မူယာမာယာများကာပြောတော့မယ့် Babyလက်သုံးစကားကတော့ တစ်ခြားမဟုတ်။

"ဒါလေးဖတ်ပြီးရင်သောက်တော့မှာ"

ဂျောင်ကုBabyအကြောင်းနောကျေနေသူတစ်ယောက်နှယ်၊ သူ့အလုပ်ခုံတွင်ထိုင်၍စာဖတ်နေသူ၏ထိုင်ခုံကိုဆွဲလှည့်လိုက်ကာ လက်ထဲကစာအုပ်ကိုလဲဆွဲယူ၍ အရှေ့က စားပွဲခုံထပ်ပေါ်တွင်တင်လို့ထားပြီး။

"ဆေးသောက်ပြီးမှဆက်ဖတ်လို့ရတာပဲ ဆေးကအရေးကြီးလား စာအုပ်ကအရေးကြီးလား"

ထိုင်ခုံလက်တန်းထပ် လက်နှစ်ဖက်ဟာသူ့ဘေးတစ်ဖက်ဆီထောက်၍ကိုင်ထားသလို သူ့မျက်နှာအားငုံ့ကြည့်၍ပြောလာသူအား ထယ်ယောင်းမော့ကြည့်ကာပင် စိတ်အလိုမကျသည့်အလားနူတ်ခမ်းတို့အားဆူမိတော့၏။

"နေ့တိုင်းသောက်နေရတာမသောက်ချင်တော့ဘူး"

"အဲ့ဒါBabyနဲ့ကလေးလေးအတွက်လေ"

သူ့ကိုမော့ကြည့်နေသည့်မျက်လွှာတို့အားချကာ ချက်ခြင်းဆိုသလိုပတ်ခနဲ့ပြန်ပြောလာသည်က။

"သိပါတယ် သိလို့လဲ မသောက်ချင်ပေမယ့်သောက်နေရတာပေါ့ ပြီးတော့မောင်မသိတာလဲမဟုတ်ပဲနဲ့ငါဘယ်လောက်ဆေးကြောက်လဲဆိုတာ ကလေးလေးအတွက်မို့သာသောက်နေတာ ငါ့အတွက်ဆိုအဲ့ဆေးတွေလွှတ်ပစ်ပြီးတာကြာပြီ"

နူတ်ခမ်းတစ်ဆူဆူဖြင့်ပြောပြနေသည့် Babyကိုကြည့်ရင်းဂျောင်ကုပြုံးလိုက်မိပြီး အုပ်မိုးထားသည်မှ ခုံရှေ့တွင်ဒူးထောက်ထိုင်ချလိုက်၍ Babyရဲ့လက်နှစ်ဖက်ကိုသူ့လက်ဖဝါးဖြင့်အုပ်လိုက်မိတော့သည်။

"Babyအတွက်ဆိုလဲမောင်ကအဲ့ဆေးတွေကိုမရမကတိုက်မှာ ဘာလို့လဲသိလား"

ခေါင်းငြိမ့်၍မပြသလို ခေါင်းခါ၍လဲမဖော်ပြသည့်Babyကသူ့ကိုဆက်ပြောဖို့ကာငေးစိုက်၍ကြည့်နေတော့သည်မို့။

"Babyကလေးအတွက်Babyတွေးပေးသလို မောင်ကလဲ မောင့်Babyအတွက်အရမ်းဆိုးရိမ်တတ်လို့ပေါ့"

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now