𝐒𝐄𝐕𝐄𝐍 28

2.3K 171 4
                                    

Unicode........

မိဘခြင်းတိုင်ပင်၍ပြီးဆုံးသည့်နောက် ထယ်ယောင်းလူရမ်းကားနဲ့ရုံးတက်လက်မှတ်ထိုးဖို့ရာ အကြောင်းဖန်လာတော့သည်၊ အရှေ့ကတရားသူ‌ကြီးမှ သူတို့နှစ်ယောက်‌ရှေ့သို့စာချုပ်နဲ့‌ဘော့ပင်ကိုရှေ့သို့တိုးပေးလာသည်နှင့်အတူ ထယ်ယောင်းလူရမ်းကားဘက်သို့စောင်းငဲ့၍ကြည့်လိုက်မိတော့ လူရမ်းကားကလဲသူနဲ့ထိုနည်းတူ သူ့ကိုကြည့်လို့နေသည်မို့ နှစ်ယောက်သားမျက်နှာထပ်အပြုံးတို့ဟာလဲဆင်မြန်းနေတော့သည်။

နှစ်ယောက်သားအရှေ့ကစာချုပ်ကိုယူ၍ လက်မှတ်ထိုးကြပြီး သူ့ဆီကိုထပ်ရောက်လာသည့် စာချုပ်ကိုထယ်ယောင်းဆွဲယူမိရင်း သူလက်မှတ်ထိုးထားသည့်စာချုပ်ကိုလဲ လူရမ်းကားဆီသို့ကူးပြောင်းပေးလိုက်ကာ နှစ်ဦးသဘောတူစာချုပ်ကိုချုပ်စေတော့သည်၊ အသိသက်သေအနေဖြင့်မေမေနဲ့သူ့ဒယ်ဒီကလဲရေးထိုးပေးကြတာမို့ ‌ထယ်ယောင်းတို့တရားရုံးမှာလက်မှတ်ရေးထိုးခြင်းအမှူ့ကတော့ပြီးဆုံးခဲ့တော့သည်။

လက်မှတ်ထိုးပြီးတာနဲ့ လူရမ်းကားဒယ်ဒီကအ‌မေရိကန်မှာပြစ်ထားလို့မရတဲ့ အလုပ်ရှိတာမို့ လေဆိပ်ကိုတစ်ခါထဲဆင်းဖို့ပြောလာတာကြောင့် သူ့လက်ကိုဆုတ်ကိုင်၍လျှောက်နေသည့် လူရမ်းကားလက်ဆွဲရာနောက်ထယ်ယောင်းမလိုက်ပါတော့ပဲ ခြေစုံရပ်လိုက်ကာနေမိတော့ သူ့ကိုလှည့်ကြည့်လို့လာသည့် လူရမ်းကားကိုလိုက်ပို့‌ပေးဖို့ရာ ပြောလိုက်မိတော့သည်။

"မင်းဒယ်ဒီကိုလိုက်ပို့လိုက်လေ ငါမေမေနဲ့ပြန်လိုက်တော့မယ်"

"Babyတို့သားမိနှစ်ယောက်တည်းဖြစ်လို့လား"

သူ့မျက်ဝန်းတစ်စုံအား စူးစိုက်ကြည့်၍ပြောလာတာမို့ ထယ်ယောင်းပြုံးလိုက်မိတော့သည်။

"အရင်ကလဲသွားနေကြကိုအပိုတွေလုပ်ပြန်ပြီ"

"အရင်ကကိုယ်ယောင်္ကျားလေးမဟုတ်ဘူးလေ ခုကကိုယ့်ရဲ့တရားဝင်ယောင်္ကျားလေးဖြစ်သွားပြီး အပိုတွေမဟုတ်တော့ဘူး"

ပတ်ခနဲပြန်ပြောပြီးတာနဲ့ တစ်ဖက်မှကိုင်ထားသည့်စာချုပ်နှစ်ခုကို သူမြင်သာအောင်ပြလာ၍ပြောလာတာမို့ သူ့လက်တစ်ဖက်ကိုကိုင်ထားသည့်လူရမ်းကားလက်တစ်ဖက်ကြောင့် လက်တွင်ဗလာကျန်‌နေသည့်သူ့လက်တစ်ဖက်ဖြင့် သူ့လက်အားကိုင်ထားသည့်လူရမ်းကားလက်မောင်းသားကိုဆွဲလိမ်လိုက်မိ၍။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now