𝐒𝐄𝐕𝐄𝐍 41

1.8K 136 28
                                    

Unicode.......

"ခိခိခိ......."

ခြံပြင်ဘက်ကထယ်ထယ်၏ရယ်သံတစ်ချို့ကြောင့် ထယ်ယောင်းအိမ်ရှေ့သို့ထွက်ကြည့်မိတော့ စိမ်းစိုနေသည့်မြက်ခင်းနုနုလေးတွေထပ်ဖင်ထိုင်ချကာ လက်နှစ်ဖက်အားတင်းနေအောင်ဆုတ်လို့ထား၍ Bamဟာသူ့မျက်နှာကိုနှာခေါင်းတို့ဖြင့်ထိုးထိုးသည်ကိုသဘောကျစွာရယ်လို့နေတာဖြစ်ပြီး မောင်ကလဲBamအနားမတ်တပ်ရပ်လို့ပင်။

ထယ်ယောင်းသားဖနှစ်ယောက်ကိုနူတ်ခမ်းတွေကော့ညွှတ်သွားသည်ထိပြုံး၍ကြည့်နေမိသည်၊ သို့သော်ငြားဧည့်ခန်းတွင်Tanလေးနှင့်အတူရှိနေသည့်သားငယ်ဆီသို့အကြည့်ရောက်မိတာနဲ့ ထယ်ယောင်းသားငယ်အနားသို့လျှောက်သွားလိုက်ကာ ဘေးသို့ဝင်ထိုင်ပြီး ခပ်အုပ်အုပ်ညှပ်လို့ထားတဲ့ဆံပင်လေးကို ညှင်သာစွာပွတ်သပ်ပေးမိရင်း။

"ကိုကိုနဲ့ဒယ်ဒီအပြင်မှာဆော့နေတာ ပါပါးရဲ့ကုကုလေးက‌ရောသွားမဆော့ဘူးလား.."

Tanနဲ့ဆော့နေရင်းသူ့အမေးကြောင့် မော့ကြည့်လာသည့်မျက်ဝန်းကြည်ကြည်နှင့်ဝိုင်းစက်နေသည့် မျက်ဝန်းလှလှလေးတစ်စုံကိုလဲသားငယ်ဟာပိုင်ဆိုင်လို့ထားသေးသည် ဒါဟာသားငယ်ကမောင့်ဆီကရတဲ့အမွေဖြစ်မည်၊ သို့သော်လည်းထိုမျက်ဝန်းပိုင်ရှင်လေးဟာ ခေါင်းကိုဖြေးညှင်းစွာခါပြတာမို့။

"Bamကိုကြောက်လို့လား"

အပြောဟာမှန်ကန်သွားသည်ထင် သားငယ်ကဘာမှပြောမလာပဲသူ့ကိုသာ မော့လို့ကြည့်နေတာကြောင့် ထယ်ယောင်းသားငယ်လက်လေးကိုဆွဲကိုင်၍ မတ်တပ်ရပ်လိုက်တော့လဲလိုက်ပါလာသည်။ သူတို့အိမ်ရှေ့ကိုထွက်တာနဲ့ အနောက်ကနေလုံးလုံး လုံးလုံးနှင့်ပြေးလိုက်လာသည့်Tanလေးဟာသူတို့သားဖနှစ်ယောက်ကိုကျော်လွန်၍မောင့်တို့ဆီအရင်ရောက်နေနှင့်ပြီ။

မောင်ဆီTanလေးရောက်သွားတာနဲ့ မောင်ကထယ်ထယ်ရင်ခွင်လေးထဲထည့်ပေးလိုက်တာမို့ ထယ်ထယ်ရင်ခွင်ထဲကTanလေးကိုBamဟာနှာခေါင်းတို့ဖြင့် တစ်ထိုးထိုးလုပ်၍ချစ်ခင်မူ့ကိုပြသ၏။ ထယ်ထယ်က‌တော့Tanကိုမကြောက်သလို Bamကိုလဲထိုသို့ပင်မကြောက်ရွံ့ပါ၊ ကုကုကတော့ထယ်ထယ်လို့ရင်းနှီးမလွယ်တဲ့ကလေးမို့လား Bamဟာအရွယ်အစားကြီးမားပြီး Tanလိုအမြဲတမ်းမတွေ့ရပဲအနေဝေးတာကြောင့်လားမသိ၊ သေချာတာတော့ကုကုကBamကို အနည်းငယ်ကြောက်လန့်နေသည့်ပုံပင်။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now