𝐒𝐄𝐕𝐄𝐍 10

2.7K 179 2
                                    

Unicode.......

"မင်းတော်တော့လို့!!!"

ဂျွီ......

ထယ်ယောင်းလူရမ်းကားအားအော်ဟစ်နေချိန်မှာပဲ ဗိုက်ထဲကထွက်လာသည့်အသံကြောင့် ထယ်ယောင်းလူရမ်းကားနဲ့ရန်ဖက်ဖြစ်မနေတော့ပဲတစ်ဖက်ခြမ်းသို့သာလှည့်၍ နူတ်ခမ်းဆူကာ ထိုင်နေမိတော့သည်။

"ယောင်းဗိုက်ဆာလို့လား"

သူ့ပုခုံးနားက လေငွေ့ကြောင့် ထယ်ယောင်းပုခုံးကိုပင် အနည်းငယ်ရှိုန်းလိုက်မိရင်း။

"မဆာဘူး....."

ဂျွီ.......

ထယ်ယောင်းအောက်နူတ်ခမ်းကိုကိုက်ကာပင် မျက်နှာတွင်လဲရှုံ့မဲ့၍။

သစ္စာမရှိလိုက်တဲ့ဗိုက် ဒီအချိန်မှထမြည်ရလား၊

သူ့အားကျောပေးကာထိုင်နေသည့် Babyကိုကြည့်ကာ ဂျောင်ကုပြုံးမိတော့သည်။

"ထကိုယ်ခေါက်ဆွဲပြုတ်ပေးမယ်"

မွေ့ယာပေါ်မှထကာ ပြောလိုက်သည့်သူ့စကားကိုမကြားချင်ယောင်ဆောင်၍ တစ်ဘက်သို့လှည့်နေသည့်Babyကြောင့် ဂျောင်ကုBabyမွေ့ယာဘက်ခြမ်း၌သွားကာ ပေကပ်ကပ်လုပ်နေသည့်Babyလက်ကိုဆွဲကိုင်လိုက်မိတော့။

"မကိုင်နဲ့"

သူ့လက်ထဲမှ လက်ကောက်ဝတ်လေးကိုရုန်းနေသည့်Babyကြောင့် ဂျောင်ကုခပ်တင်းတင်းကိုင်ထားမိကာ။

"မထိစေချင်ရင် အစထဲကပြောစကားနားထောင်မှပေါ့ ထအခု မဟုတ်ရင်ပွေ့ချီသွားမှာနော်...."

ထိုအခါမှသူ့အားမျက်လုံးပင့်ကြည့်နေသည့် Babyကတကယ့်မလွယ်ကျောလေး။

"ကိုယ်နောက်နေတာမဟုတ်ဘူးနော်တကယ်လက်တွေ့ပြမှာ"

ပြောလိုက်ဝောာ့ ဆူနေသည့်နူတ်ခမ်းတွင်လဲပို၍ဆူထော်လာသလို မျက်လုံးပင့်ကြည့်နေသည့် မျက်ဝန်းဟာလဲ တစ်ဖြေးဖြေးမျက်မှောင်ကျုံ့၍ကြည့်လာသည်မို့။

"ရတယ်လေ ပြောစကားနားမထောင်ဘူးပေါ့"

ဂျောင်ကုပွေ့ချီမလို့ Babyကျောပြင်နောက်လက်သျှို့သွင်းဖို့အလုပ်။

"ထမယ် ကိုယ့်ဘာသာကိုထမယ်လို့"

မွေ့ယာပေါ်မှဆူပုတ်ပုတ်ရုပ်လေးဖြင့်ထလာသည့်Babyကြောင့် ဂျောင်ကုတစ်ဘက်သို့လှည့်ကာပင် ပြုံးမိတော့သည်၊ ရုန်းထွက်ဖို့ကြိုးစားလေ ပို၍နက်ဝင်လေဆိုသလို ကင်မ်ထယ်ယောင်းဆိုတဲ့အလှအရုပ်ကလေးကနေ ကိုယ်ရုန်းထွက်နိုင်မယ်မထင်ဘူး ရုန်းထွက်လို့ရမယ်ဆိုရင်တောင်ရုန်းထွက်ဖို့ကိုယ်ကြိုးစားမှာမဟုတ်ဘူး။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now