𝐒𝐄𝐕𝐄𝐍 42

2K 145 25
                                    

Unicode.......

အိမ်ရှေ့၌ကားသံကြောင့် ထယ်ယောင်းပါးပြင်ပေါ်သို့ကျဆင်းနေသည့် မျက်ရည်တို့အားလက်ဖဝါးတို့ဖြင့်ဖယ်ရှားမိသော်ငြား ထပ်၍ကျဆင်းလာသည့်မျက်ရည်စတို့ကိုတော့ အလွယ်တစ်ကူရပ်တန့်ပြစ်ဖို့ရာမလွယ်ကူခဲ့။

မောင့်ကိုကြိုဖို့ရာ သူ့မျက်နှာအခြေနေအားမှန်ဖြင့်သွားကြည့်မိသော်လည်း မျက်ဝန်းတို့ကငိုထားမှန်းသိသာလောက်အောင် မျက်ခမ်းစပ်တို့ဟာရဲစွာလို့နေသည်၊ထိုသည်ကြောင့်နှာ‌ဖူးပေါ်၌ ကျစင်းနေသည့်ဆံပင်တို့ကို သေချာသပ်၍ဖုံးအုပ်ဖို့ကြိုးစားသော်လည်း မျက်ဝန်းထပ်သို့ရှည်လျှားသည့်ဆံပင်တို့ဟာအရမ်းအုပ်မသွားတာကြောင့် ထယ်ယောင်းအိပ်ချင်ယောင်ဆောင်နေရင်ကောင်းမလား? ဒီတိုင်းပဲမောင့်ကိုသွားကြိုရမလားဟု၍ပင် မောင်ဟာအခန်းထဲဝင်လို့လာသည်ထိသူဝေခွဲမရ၊ အခန်းထဲဝင်လို့လာသည့်မောင့်မျက်နှာအားတွေ့လိုက်ရတာနဲ့တစ်ပြိုင်နက် သူထပ်မံဝမ်းနည်းလို့လာတာမို့တစ်ဖက်သို့လှည့်လိုက်မိသည်။ သူမောင့်ကိုရင်မဆိုင်ချင်သေး။

တံခါးဝ‌က‌နေခြေလှမ်းကျဲကျဲတို့ဖြင့် လျှောက်လှမ်းလာသည်ထင်ပါရဲ့ မောင့်ခြေလှမ်းတို့ဟာ ဘယ်လောက်မှမလှမ်း‌လိုက်ရပဲ သူ့ရှေ့လို့ရောက်လို့နေပြီ။

"Babyသက်သာရဲ့လား"

အိတ်ကိုဘေးသို့ချ‌ပြီးတာနဲ့ မေးလာသည့်မောင့်အမေးကို ထယ်ယောင်းထိုသို့ပင်ဖြေကာ မောင့်မျက်နှာကိုတော့မကြည့်မိ။

"အွန်း"

"မျက်လုံးတွေတောင်ရဲနေတာကို ပြစမ်းပါအုန်းမောင့်ကို ကိုယ်ပူနေလားစမ်းကြည့်ရအောင်"

မပြောမဆို တစ်ဖက်သို့လှည့်ထားသည့် သူ့မျက်နှာအားလက်နှစ်ဖက်ဖြင့် ပါးပြင်နှစ်ဖက်ကိုတစ်ဖက်ဆီအုပ်လို့ကိုင်လာကာ မောင်ဟာနှာဖူးခြင်းထိကပ်၍ ကိုယ်ပူစမ်းနေသလားကို စမ်းသပ်လို့နေတာမို့ ထယ်ယောင်းရုန်းကန်ခြင်းမပြုပဲငြိမ်နေမိ၏၊ နှာဖူးပြင်ခြင်းပြန်၍ခွာသွားမှသာ။

"ကိုယ်လဲအရမ်းမပူပါဘူး ဘာလို့Babyမျက်လုံးတွေကအစ်နေတာလဲ"

ထိုအခါမှသာထယ်ယောင်းမောင့်လက်ထဲမှရုန်းထွက်ကာပင် အောက်နူတ်ခမ်းသားအားလျှာဖြင့်သပ်မိရင်း။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now