𝐒𝐄𝐕𝐄𝐍 26

2.2K 180 18
                                    

Unicode.......

"အဲ့ကလေးကိုမွေးဖို့အစီစဉ်ရှိနေတာလား....."

အနောက်မှထွက်ပေါ်လာသည့် မေမေစကားကြောင့် ထယ်ယောင်းအသွေးအသားထဲကပင် ဆိမ့်ခနဲဖြစ်သွားရတော့သည်။

မေမေကသူ့ကိုဒီကလေးမမွေးစေချင်တာလား?၊

အတွေးတို့ကြောင့်ရစ်ဝိုင်းလာသည့်မျက်ရည်တို့ကိုထွက်မလာအောင် မျက်တောင်တို့တစ်ဖျတ်ဖျတ်ဖြင့်ခတ်၍ ရုတ်သိမ်းလိုက်ကာ မေမေကိုသူအထွန့်မတက်မိပဲ အနောက်သို့လှည့်မိ‌တော့ သူ့ကိုအေးအေးဆေးဆေးပဲစိုက်ကြည့်လို့နေသည့်‌မေမေကိုကြည့်ရင်း ထယ်ယောင်းရဲ့နှလုံးခုန်သံတို့ဟာလဲတစ်ဖြေးဖြေးတည်ငြိမ်လို့လာတော့၏။

"သားမေမေနဲ့စကားခဏပြောရအောင်"

ဧည့်ခန်းကခုံတွင်ဝင်ထိုင်လို့နေသည့် မေမေနောက်ကထယ်ယောင်းအသာဝင်ထိုင်မိတာနဲ့။

"ကလေးအဖေကဘယ်သူလဲ"

ဒေါသတကြီးပြောဆိုနေတာမဟုတ်ပဲ မေမေကသူထင်ထားတာထက်ပို၍သွေးအေးလွန်းနေတာမို့ ထယ်ယောင်းလန့်နေမိသလို ပေါင်ပေါ်တင်ထားသည့်လက်နှစ်ဖက်ဟာလဲ တစ်ဖက်နဲ့တစ်ဖက်ကုတ်ဖဲ့လို့နေမိတော့သည်။

"ဟို~~မေမေမှတ်မိမလားတော့မသိဘူး~ဟို~ဟိုတစ်ခါကမေမေကိုလိုက်ပို့ပေးတဲ့~တစ်ယောက်ပါ"

"ဘယ်တစ်ယောက်လဲ......ဘာလဲမေမေကားတိုက်ခံမလို့ဖြစ်တုန်းကလိုက်ပို့ပေးတဲ့တစ်ယောက်ကိုပြောနေတာလား"

"ဟုတ်"

ဦးခေါင်းအားပေါင်ပေါ်တင်ထား၍ကုတ်ဖဲ့နေသည့် လက်နှစ်ဖက်ကိုသာကြည့်ရင်း အောက်နူတ်ခမ်းကိုလဲကိုက်ထားမိပြန်သည်။

"သူကရောသားကိုတာဝန်ယူမှာမလို့လား"

ထိုစကားတွင်တော့ ထယ်ယောင်းရဲ့မျက်ဝန်းတစ်စုံဟာ မေမေ့ကိုလှမ်းကြည့်မိရင်း။

"ဟိုဒီကိစ္စကမတော်တစ်ဆဖြစ်သွားခဲ့တာပါမေမေ သူလဲမရီရွယ်~ပဲ~~"

ပြောနေရင်းပင် အသံတိုးဝင်သွားသည့်သားဖြစ်သူကြည့်ရင်း ရှင်းဟယ်ခေါင်းခါမိတော့၏၊
သားကိုကြည့်နေရင်းသာ။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now