𝐒𝐄𝐕𝐄𝐍 20

2.4K 167 8
                                    

Unicode......

"အင့်~~~ကျွတ်~ကျွတ်"

ခန္ဓာကိုယ်အနည်းငယ်လူပ်ရှားလာတာနဲ့အမျှ အောက်ပိုင်းတစ်နေရာမှနာကျင်လာသည်မို့ အိပ်နေရင်းပင်ထယ်‌ယောင်းညည်းညူနေမိတော့သည်၊ နာကျင်မူကြောင့် မျက်ခုံးနှစ်ခုကိုထိလုစဲစဲကျုံထားမိ၏၊
ထယ်ယောင်းဆက်အိပ်လို့မရတော့တာမို့ မျက်လုံးပွင့်လာမိတော့ သူ့မြင်ရသည်အရာက ရင်ဘတ်သားတစ်ခုသာဖြစ်ပြီး ထိုရင်ဘတ်ပိုင်ရှင်လူသားမျက်နှာအားထယ်ယောင်းမော့ကြည့်မိတော့ နှစ်ချိုက်စွာပင်အိပ်ဆက်နေသည့် လူရမ်းကားကတစ်ချက်လေးပင်နိုးမလာပါ။

ညကထိုလူရမ်းကားနဲ့သူအကြောင်းကိုတွေးမိတာကြောင့် ထယ်ယောင်းသူ့ရင်ခွင်ထဲမှ မျက်စောင်းတွေသာပိတ်ထိုးမိရင်း။

"အမြင်ကပ်ဖို့ကောင်းတယ်"

သူ့ခါးပေါ်ကလူရမ်းကားလက်တစ်ဖက်ကြောင့် ထိုလက်အားထယ်ယောင်းလက်ဖက်ဖြင့် တစ်ဖြန်းဖြန်းဖြင့်ပိတ်ရိုက်မိ၏၊ သို့သော်ငြားတစ်အွန်းအွန်းလုပ်၍နိုးမလာတာကြောင့် ထယ်ယောင်းခပ်တိုးတိုးရေရွတ်မိတော့သည်။

"ညကသူများကိုအနိုင်ကျင့်ပြီး တော်တော်အိပ်ရေးပျက်ခဲ့သလိုပဲ"

ခါးပေါ်ကသူ့လက်အားထယ်ယောင်းဖယ်‌မိတော့ ဟင်းဟု၍သက်ပြင်းချသံနဲ့အတူ သူ့ခါးအားပိုတိုးဖက်နေတာကြောင့်။

"ဂျွန်ဂျောင်ကု မင်းလက်ဖယ်ပေးလို့"

တုတ်တုတ်မျှသာမလူပ်ပဲအိပ်နေသည့် လူရမ်းကားကိုထယ်ယောင်းမသင်ခါ‌တော့တာကြောင့်။

"မင်းနိုးပြီး အိပ်ချင်ယောင်ဆောင်နေတာမလား လူရမ်းကားကောင်!"

"အိပ်ပျော်နေတာပါ"

"အိပ်နေတဲ့လူက အိပ်နေကြောင်းကိုထပြီးစကားပြောလား မင်းလက်ကိုဖယ်"

"ကိုယ်အိပ်ပျော်နေတာပါဆိုBabyကလဲ"

မျက်လုံးအစုံအားဖွင့်ပြီး သူ့ကိုပြောပြီးတာနဲ့ ခါးကိုတင်းကြပ်စွာဖက်လာပြီး သူ့အနားသို့တိုးလာကာမျက်လုံးပြန်မှိတ်သွားတာကြောင့်  ထယ်ယောင်းသူ့လက်မောင်းကိုနာအောင်ခပ်ဆက်ဆက်ရိုက်လိုက်မိတော့သည်။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now