𝐒𝐄𝐕𝐄𝐍 2

3.9K 269 16
                                    

Unicode....

"မင်း! လူဆိုးကောင်! မင်းပဲလား"

ဂျောင်ကုသူ့အားမော့ကြည့်လာသည့်မျက်နှာလေးကိုငေးကြည့်မိရင်း။

"ခဗျားကကျုပ်ကိုသိလို့လား"

မေးလိုက်သည့်သူ့အမေးကိုမဖြေပဲ သူ့အားမကြည်ကြည့်ဖြင့်ကြည့်၍ သူ့လက်ထဲကကားသော့ကိုအတင်းပြန်ဆွဲယူသည်။

"မင်းလိုလူဆိုးကောင်ကိုသိမနေဘူး"

သူ့အားပြောပြီးတာနဲ့ထွက်သွားဖို့ပြင်နေသည်မို့ ထိုလူလက်ကိုလှမ်းဆွဲလိုက်တော့ အတင်းပင်ရုန်း‌‌သည်။

"မင်း!ဘာလုပ်တာလဲ"

ရုန်းနေသည့်လက်ကိုဂျောင်ကု အားထည့်ကာအသာလေးကိုင်ထားသည်မို့ သူ့လက်ကိုကျန်လက်တစ်ဖက်ဖြင့်တစ်ဖက်ဖက်ရိုက်တော့၏။

"ဒီမှာ ကျုပ်နာမည်ကလူဆိုးကောင်မဟုတ်ဘူး"

"အဲ့ဒါဆိုလူရမ်းကားလား"

သူ့လက်အား ခပ်တင်းတင်းဆုတ်ကိုင်ထားသည့်လက်တွင် ထယ်ယောင်းအတင်းရုန်းနေမိသည် သူ့လက်ထဲက ထယ်ယောင်းလက်ကောက်ဝတ်လေးခဗျာ နာကျင်လို့နေပြီ။

"ဘာကြောင့်လူရမ်းကားဖြစ်ရမှာလဲ"

"မင်းပြုမူနေတာကပြသနေတာလေ မသိတဲ့လူတစ်ယောက်ကို လူပုံအလည်မှာဆွဲလားရမ်းလား လုပ်တာရမ်းကားတာ မဟုတ်လို့ဘာလဲ"

ဂျောင်ကု အရှေ့ကတစ်ယောက်ကြောင့် မျက်ခုံးပင်ပင့်တတ်သွားပြီး ပြုံးလိုက်မိကာ ဆွဲကိုင်ထားသည့်လက်ကနေ သူ့အနားသို့တိုးစေရန်သူ့လက်ကိုအနောက်သို့အရှိန်ဖြင့်ဆောင့်ဆွဲလိုက်မိတော့ ထိုလူခန္ဓာကိုယ်ကသူ့ခန္ဓာကိုယ်ဖြင့်နီးကပ်လို့လာသည်  ဂျောင်ကုအရှေ့ကသူ့အားမျက်လုံးအဝိုင်းစားဖြင့်အံ့ဩနေသည် ထိုလူ့နားနားကပ်ကာပင်။

"ရမ်းကားတယ်ဆိုတာ ဒါမျိုးကို ဆိုလိုလို့မရဘူး တကယ်ရမ်းကားတယ်ဆိုတာဘာလဲသိချင်ရင် ကျုပ်ခဗျားကို သတ်သေပြရမလား"

"မင်း!! ငါ့လက်ကိုလွှတ်"

မျက်နှာမဲ့နေသည့် အရှေ့ကထိုလူလက်ကိုဂျောင်ကုလွှတ်ပေးလိုက်ရင်း။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now