𝐒𝐄𝐕𝐄𝐍 37

1.9K 133 4
                                    

Unicode........

TVရီမုတ်ကိုယူ၍လိုင်းပြောင်းနေစဥ် သတင်းအစီစဉ်မှ ကားပေါ်တွင်သေဆုံးသည့်ရုပ်သလောင်းအားရိုက်ကူးဖော်ပြနေတာမို့ ထယ်ယောင်း‌လိုင်းကိုထပ်မပြောင်းတော့ပဲလာသည့်အတိုင်းသာကြည့်နေလိုက်တော့သည် မထင်မှတ်ထားသည့် ရုပ်သလောင်းကြောင့် ထယ်ယောင်းမောင့်ကိုအော်ခေါ်မိသည့်အထိ။

"မောင်! မောင်ဒီကိုခဏလာပါအုန်း!"

သူ့အနားမှာရှိမနေသည့်မောင်ကိုအော်ခေါ်မိတော့  ထယ်ယောင်းအော်ခေါ်လိုက်သည့်အသံအားကြားသည်ထင် မောင်ကသူ့ထံသို့ချက်ခြင်းဆိုသလိုရောက်လို့လာပြီး အနားသို့လာထိုင်လို့လာ၏။

"ဘယ်နားကနေလို့မကောင်းလို့လဲ"

ဘေးသို့ရောက်တာနဲ့ခန္ဓာကိုယ်အားဝှေ့ဝိူက်ကြည့်လို့လာပြီး သူ့မျက်နှာအားလက်ဖဝါးတို့ဖြင့်အုပ်ကိုင်ကာဆိုလာသည့် မောင့်ကိုသူခေါင်းခါပြရသည် သူ့ပါးပြင်ထံကမောင့်လက်တွေကိုလဲ ထယ်ယောင်းလက်တို့ဖြင့်ဆွဲယူ၍။

"မောင်သတင်းကိုကြည့်"

ပြောလိုက်တော့လဲချက်ခြင်းပင်သူ့မျက်ဝန်းတွေထံစိုက်ကြည့်လို့နေသည့် မောင့်မျက်ဝန်းတို့ဟာTVသို့အကြည့်ရောက်လို့သွားပြန်သည်။

"ဒါက!"

အံဩသယောင်TVကိုကြည့်နေသည့် မောင်ကသူ့ဘက်သို့ငေးစောင်းကြည့်လို့လာပြီး သတင်းဆီကိုအာရုံကရောက်လို့သွားပြန်၏။

တိတီ...တိတီ...တိတီ...

အံဩမူထံခြံရှေ့ကဘဲလ်တီးသံဟာဖုန်းလွှမ်းလို့သွားတာကြောင့် သူရောမောင်ရောမျက်ဝန်းတွေဟာ အိမ်ရှေ့တံခါးရှိရာဆီသို့အကြည့်ရောက်လို့သွားပြီး ထပ်၍တီးလာသည့်ခြံတံခါး၏ဘဲလ်သံကြောင့် သူထဖွင့်ပေးဖို့အပြု မောင်ကသူ့လက်ကိုဆွဲလို့လာပြီး။

"အပေါ့မပါးကြီးနဲ့ မောင်သွားဖွင့်ပေးလိုက်မယ်"

မောင့်ရဲ့ဂရုစိုက်မူကြောင့် ထယ်ယောင်းပြုံးမိရင်းသာ မောင့်ကိုခေါင်းငြိမ့်လို့ပြမိသည်။ ဘယ်သူလာတာလဲဟုစိတ်ဝင်တစ်စား တံခါးအားကြည့်လို့နေမိတော့ မောင့်နဲ့အတူဝင်လို့လာသည့် မောင့်ရဲ့ရှေ့နေ။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now