𝐅𝐢𝐧𝐚𝐥

3.1K 152 28
                                    

Unicode......

ဂတ်မီးဖိုပေါ်ထပ်၌တင်ထား‌သောအိုးထဲမှ တစ်ဗွမ်းဗွမ်းဆူနေသည့် တို့ဟူးစွပ်ပြုတ်ရည်တစ်ချို့ကျဆင်းလာတာနဲ့အမျှ အမဲသားအားတီရှူးတို့ဖြင့် အဆီများကို‌ဖယ်ရှားပေးနေရင်း အလျှင်အမြန်ပင်ဆူပွတ်‌နေသည့်အိုးအဖုံးကိုဆွဲဖွင့်လိုက်ပါက။

"အ့!....."

အမြန်အဆန်လုပ်လိုက်သည့်အပေါ် အိုးအဖုံး၏အပူရှိန်ကြောင့်ရော အိုးထဲမှထွက်လာသည့် ရေပူငွေ့အပူရှိန်ကြောင့်ရောမို့ ထယ်ယောင်းနူတ်ခမ်းထပ်၌အ့ဟု၍ အသံတို့ပင်ပြုမိတော့သည့်အထိ။

သို့သော်.....၊

"ဟင်....."

ပူသွားသည့်လက်တစ်ဖက်ဟာ နားသို့အလျှင်မြန်သွားကိုင်မိရင်း မျက်လုံးတို့ပင် မှိတ်လို့ထားမိတာမို့ အနောက်သို့ရောက်နေသည့်အမျိုးသားအားသတိမထားမိ၊ သူ့ခါးထံသို့လက်တစ်စုံဟာ ဖြေးညှင်းစွာထိတွေ့လာရင်း ဖက်တွယ်လာတာနဲ့အမျှမှိတ်ထားသည့်မျက်လုံးတို့ဟာလဲ အလိုလိုပွင့်လို့လာတာနဲ့အနောက်ကတရားခံဟာဘယ်သူဖြစ်နိုင်အုန်းမှာလဲ။

"မောင်နိုးလာပြီလား.....မျက်နှာမသစ်ရသေးဘူးလား"

ဖက်ထားရာမှ ထယ်ယောင်းခေါင်းအနည်းငယ်စောင်းငဲ့ရင်းသာမေးဖြစ်တော့မောင့်ဟာသူ့ပုခုံးထံမေးတင်လို့လာ၍။

"မောင်နိုးတော့Babyကရှိမနေဘူးလေ အဲ့ဒါကြောင့်မျက်နှာတောင်မသစ်နိုင်ပဲချက်ခြင်းအောက်ထပ်ကိုဆင်းလာလိုက်တာ"

"ဒီမှာသားတို့နဲ့မောင်စားဖို့မနက်စာလုပ်‌ပေးမလို့ စောစောထလာလိုက်တာ...ကဲလူကိုလွှတ်ပေးတော့ လုပ်စရာတွေရှိသေးတယ်...မျက်နှာသွားသစ်သွား"

"Babyအနံလေး‌ကမွှေးနေတာပဲ"

မွှေးကြူပြီးတာနဲ့ သူ့လည်တိုင်ထပ်သို့ ရှူထုတ်လိုက်သည့်လေငွေ့တို့ဟာ ထယ်ယောင်းကိုကြက်သီးတို့ပင်ဖြန်းခနဲထစေမိ၏၊ ဘယ်လောက်ပဲမောင်နဲ့သူထိတွေ့နေ ထိတွေ့နေ မောင့်အထိတွေ့တိုင်းဟာသူ့ကိုအသစ်ဆက်ဆက်တိုင်းသာရင်ခုန်စေသည်။

"ငြိမ်ငြိမ်နေလို့...."

"လက်ပူသွားတယ်မဟုတ်လား မောင့်ကိုပြစမ်းပါအုန်း"

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now