𝐒𝐄𝐕𝐄𝐍 18 !!!

3K 164 7
                                    

Warning TaeKookကို 18+ဖတ်ရတာမကြိုက်သည့်စာဖတ်သူတွေကျော်ဖတ်ပေးပါ

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Unicode.......

"အွန့်...."

လက်ကောက်ဝတ်အားအနောက်ကနေအရှိန်ဖြင့်ဆောင့်ဆွဲလိုက်တာကြောင့် ထယ်ယောင်းဂျောင်ကု၏ခန္ဓာကိုယ်ပေါ်၌ပြုတ်ကျသွားတာမို့ ပြုတ်ကျသည့်အရှိန်ဖြင့်ပါးစပ်တွင်လဲအွန့်ခနဲဟု၍ထွက်လာမိတော့သည်။

"မင်းဘာလုပ်တာလဲ လူကိုလွှတ်..."

"ကိုယ်ချမ်းတယ်"

ဖြူဖတ်ဖတ်ဖြစ်နေသည့် နူတ်ခမ်းတစ်စုံမှထွက်လာသည့်စကားတို့ကြောင့် ထယ်ယောင်းထိုလူရမ်းကားဆီမှအတင်းရုန်းမထွက်ဖြစ်တော့ပဲချော့မော့ကာပင်။

"ချမ်းနေတယ်မလားစောင်ယူပေးမယ် လူကိုလွှတ်ပေးအုန်း"

‌ပြောလိုက်ပေမယ့် သူ့ခါးအားတင်းကြပ်စွာချိတ်ဆက်ထားသည့် လက်နှစ်ဖက်ကလွှတ်မပေးလာသည်မို့။

"နေ‌မကောင်းနေတာ ဆေးသောက်ရမယ်လေ မင်းပေကပ်မနေနဲ့"

ပြောနေရင်းပင် သူ့ပုခုံးဆက်နားအားခေါင်းတိုးဝင်လာတာကြောင့် ထယ်ယောင်းပုခုံးပင်အနည်းငယ်ကျုံ့ထားလိုက်မိသည်။

ယားကျိကျိနဲ့၊

"Babyကိုယ်လေးကနွေးတယ်"

သူ့အားBabyဟုခေါ်လာတာကြောင့် ထယ်ယောင်းကြက်သီးများပင်ထလာမိတာမို့ လူရမ်းကားလက်ထဲမှအတင်းရုန်းကန်မိတော့ နေမကောင်းနေသည်မို့ အားနည်းနေသည်ထင် ခါးသို့ချိတ်တွယ်ထားသည့်လက်နှစ်ဖက်ကပြုတ်သွားသည်ကြောင့် ထယ်ယောင်းအမြန်ပင်လူရမ်းကားကိုယ်ပေါ်ကကျုံးထမိတော့သည်။

ဆေးသတ္တာဘယ်နေရာမှာထားမှန်းမသိတာမို့ ဗွီဒိုသေတ္တာထဲဖွင့်ကြည့်ကာရှာမိတော့သည်၊ ရှာနေတုန်း သူ့အနောက်မှသူ့ခါးအားဖက်တွယ်လာသည့် လက်တစ်စုံကြောင့် ထယ်ယောင်းခန္ဓာကိုယ်လေးပင်တုန်တက်သွားရတော့၏။

ခေါင်းအားအနည်းငယ်အနောက်သို့စောင်းငဲ့ကြည့်တော့ သူ့ကျောပင်အားငုံ့၍တစ်ရှုံ့ရှုံ့လိုက်နမ်းနေသည့် လူရမ်းကားအား။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now