𝐒𝐄𝐕𝐄𝐍 16

2.2K 164 10
                                    

Unicode.......

Messageအသံကြောင့်ဂျောင်ကုတစ်ယောက်ဖုန်းကနာရီကိုကြည့်မိတော့ ည1နာရီခွဲနေပြီဖြစ်ပေမယ့် ခုချိန်ထိစာရင်းတွေစစ်နေရတာမပြီး‌သေးတာကြောင့် စာရင်းဇယား‌တွေအား စိုက်ကြည့်နေရင်းပင် ဂျောင်ကုမျက်လုံးတွေ‌ပင်အောင့်လို့လာတာ‌မို့ တပ်ထားသည့်မျက်မှန်အားချွတ်ကာ မျက်လုံးနှစ်ဖက်၏အလည်မျက်ကျောအား လက်မနှင့်လက်ညိုးအားအသုံးပြုကာဖိနှိပ်မိတော့သည်။

မျက်ကျောအားဖိနှိပ်နေရင်း ဇာတ်ကျောအားဦးခေါင်းယိမ်းယိုင်ကာဖြည်မိတော့ အကျောများတစ်ဗြစ်ဗြစ်ပင်မြည်လို့လာ၏ အချိန်မနည်းတော့တာကြောင့်Computerကိုပိတ်ကာ စာရင်းဖိုင်ကိုလဲသိမ်းလိုက်တော့သည်။

အပေါ်ထပ်သို့မော့ကြည့်မိတော့လဲ တစ်ယောက်သောသူ၏အသံကိုမကြားမိတာ‌မို့ ဒီအချိန်ဆို Babyတစ်ယောက်အိပ်လို့နေလောက်ပြီဖြစ်တာကြောင့် ဂျောင်ကုပြုံးလိုက်မိသည်ကို ကိုယ့်ကိုယ်ကိုသတိထားမိသည်။

ထိုလူသားလေးကတွေးကြည့်ယုံနဲ့တင် သူ့ကိုပျော်ရွှင်စေနိုင်သည်.....၊

.

.

ဂျောင်ကုတစ်ယောက်နာရီအ‌တော်ကြာဧည့်ခန်းမှာထိုင်၍စာရင်းစစ်နေမိတာ‌မို့ညောင်းညာ၍အိပ်ချင်လို့နေပြီ လှေကားထစ်တွေကို တစ်ထစ်ခြင်းလျှောက်လှမ်းလာရင်း ပါးစပ်တွင်လဲတစ်ဝါးဝါးဟု၍သန်းလို့နေပြန်၏။

ဂျောင်ကုအခန်းထဲရောက်တော့ မွေ့ယာထပ်တစ်စောင်းလှဲ့ကာအိပ်နေသည့်Babyကိုကြည့်ပြီး ဂျောင်ကုသဘောကျစွာပြုံးလိုက်မိရင်း မွေ့ယာ‌နားသို့‌လျှောက်ကာပင် အိပ်နေသည့်Babyနားတိုးကာဝင်လဲလိုက်သည်။

"ကိုယ်ဒီညBabyနားမှာအိပ်မယ်နော်"

လက်ထောက်ကာBabyကိုကြည့်ရင်းပြောလိုက်မိပေမယ့် Babyတစ်ယောက်ကတော့အိမ်မက်ကောင်းကိုမက်လို့နေသည်ထင် ပါးပြင်တစ်ဖက်မို့တက်နေတာကြောင့် ဂျောင်ကုထိုပါးလေးကို ခပ်ဖွဖွထိကပ်မိရင်း။

"အိမ်မက်လှလှမက်ပါစေကိုယ့်ကမ္ဘာလေး.."

Babyခါးလေးကို ခပ်ဖွဖွသာဖက်လိုက်မိတော့သည် တင်းကြပ်စွာဖက်မိရင်Babyတစ်ယောက်နိုးသွားမှာကြောက်ရသလို နိုးသွားရင်လဲအထိမခံမှာဆိုးတာကြောင့် ဂျောင်ကုခပ်ဖွဖွလေးသာဖက်ထားရင်း Babyအနားသို့ကပ်ကာ Baby‌လည်တိုင်လေးနားဦးခေါင်းကပ်၍ ဆံသားတို့အားမွှေးကြူကာ နှစ်ချိုက်စွာပြုံးမိရင်း အိပ်ဆက်ခြင်းဆီသို့သာ။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now