𝐒𝐄𝐕𝐄𝐍 34

1.8K 137 15
                                    

Unicode......

ဒု ဒူ......

အသံတို့နှင့်အတူဖုန်းScreenဟာဖြတ်ခနဲဖွင့်လို့လာတာနဲ့အမျှ  တင်ထားသည့်Wallpaperပုံတို့ဟာပေါ်လို့လာသည်နှင့် TVကြည့်နေရာမှဘေးတွင်ချထားသည့်ဖုန်းကိုထယ်‌ယောင်းကောက်ကိုင်ကာ ဖုန်း၏Screenကိုအပေါ်သို့ဆွဲတင်၍ အဝင်‌မက်ဆေ့ချ်ထဲသို့ဝင်ကြည့်လိုက်တော့၏။

<ထယ်ကိုယ့်ကားပျက်သွားလို့ကိုယ့်ကို မြို့ပြင်ဘက်က.....ကိုလာခေါ်ပေးမလား>

တစ်ဖက်မှဝင်လာသည့်မက်‌ဆေ့ခ်ျNickname ဟာ လူ‌ရမ်းကားဖြစ်နေသည်မို့ ထယ်ယောင်းကြောင်အသွားမိရင်း စိတ်ထဲတွင်လဲ။

အမြဲတမ်းတစ်မောင်မောင်ဖြစ်နေတဲ့လူက အခုကြတော့ကိုယ်ဖြစ်နေပြန်ပြီ ဘာလို့တစ်ခါမှထယ်လို့မခေါ်ဖူးတဲ့လူက ခုကြထယ်တို့ဘာတို့နဲ့မောင်တစ်ယောက်ဘာတွေစတန့်ထွင်ပြန်ပြီလဲမသိ၊

ထယ်ယောင်းတစ်ယောက် ဖုန်း‌Callဖြင့်‌ပြန်ဆက်တော့လဲမကိုင်သည်မို့ ချက်ခြင်းဆိုသလို TVရှေ့ကထထိုင်လိုက်ပြီး ကားသော့ကိုပါတစ်ခါတည်းယူ၍ အိမ်ထဲကထွက်လာကာ ကိုင်ထားသည့်ဖုန်းတွင်လဲ။

<ခုထွက်လာပြီမောင်...>

ဟု၍ လူရမ်းကားဟု Nickname ပေးထားသည့်ဖုန်းကို မက်ဆေ့ခ်ျပို့လိုက်တော့သည်။

.

.
စာရင်းဖိုင်တွေစစ်ပြီးတာနဲ့ လက်နှစ်ဖက်ကိုရှင်ယှက်၍အပေါ်သို့ဆန့်တန်းကာ အကျောရှော့စေတော့သည် အချိန်အားဖြင့်နေ့လည်12နာရီကိုကျော်လွန်လို့နေတာကြောင့် အိမ်မှာရှိသည့်ဗိုက်ကြီးသည်လေးအား ဆေးသောက်‌ရန်လှမ်းအသိပေးရမည့်အချိန်ဖြစ်သည် ထိုသည်ကြောင့်သူဖုန်းကိုရှာရတော့သည်၊ လက်ဟာအလိုအလျှောက်ဘောင်းဘီအိတ်ထဲနှိုက်ကြည့်ပေမယ့် မတွေ့တာကြောင့် ဂျောင်ကုထိုင်ခုံမှထကာ သူ့အောက်ပိုင်းခန္ဓာကိုယ်ပတ်ပတ်လည်ကိုလက်ဖြင့် စမ်းကြည့်ပေမယ့်မတွေ့တာမို့ စားပွဲခုံပေါ်တွင်လဲ ဖိုင်တွေအောက်လိုက်လံရှာဖွေရတော့သည်၊ သိူ့သော်ငြား ရှာရင်မတွေ့ မရှာလျှင်ပေါ်လာသည်ဟုဆိုသလို သူစားပွဲအောက်တွေ ဧည့်ခံဆိုဖာတွေအားရှာကြည့်ပြန်တော့လဲ မတွေ့တော့တာနဲ့အတူ အလုပ်ဖုန်းကိုသာသုံး၍ အလွတ်ကျက်မှတ်ထားသည့် ဖုန်းနံပါတ်လေးထံနှိပ့်၍ဆက်လိုက်တော့သည်။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now