1(uni+Zg)

2.4K 207 47
                                    

1
Dec 22, 2008
ဒီဇင်ဘာလအလယ်ဖြစ်သောကြောင့် အချမ်းပိုကာ နှင်းမှုန်များတစ်ဖွေးဖွေးကြ၍မြူမှုန်များရစ်ဆိုင်းနေသော ည..... အအေးလှိုင်းဖြတ်မည့်အပြင် နှင်းမိုးပါရွာမည်ဆိုသောသတင်းကြောင့် အအေးဓာတ်ကဲသည့်ညနေရောက်သည်နှင့် လမ်းမပေါ်များတွင် လူများသိပ်မရှိတော့ပေ။အလုပ်သွားအလုပ်ပြန်သူများနှင့် အငှားကားများသာရှိတော့သည်။ ဆိုင်ခန်းများသည်လည်း အအေးဒဏ်ကြောင့် စောစောစီးစီးပိတ်သိမ်းကြသည်။

Shinn Hwa(အမျိုးသမီးအဆောင်)

"ဟို သတင်းသိပြီးကြပြီလား..... "

မိန်းကလေးတစ်ဦးမှအစချီလိုက်သည့်စကားကြောင့်အခန်းဖော်မိန်းကလေးနှစ်ဦးမှာသူမထံသို့အကြည့်များရောက်လာပြီး LeeNa ဆိုသည့်မိန်းကလေးက

"ဘာသတင်းလဲ Suu Yoonna...."

စကားအစချီသူ Suu Yoonက အသံတိုးတိုးဖြင့်

"ဗဟိုရဲစခန်းက စုံထောက်တစ်ယောက်အသတ်ခံရတယ်ဆိုတဲ့ဟာလေ......သူလည်းမျက်နှာတစ်ခုလုံးကို တခုခုနဲ့အထုခံထားရတာတယ့်ဟ မျက်နှာတစ်ခုလုံးစုတ်ပြတ်သတ်နေတာပဲတယ့်......."

Suu Yoon၏ စကားကြောင့် LeeNa ကသူမ၏ လက်မောင်းနှစ်ဖက်အားပွတ်၍မျက်နှာရှုံ့မဲ့ကာ

" ဟို.....(..)ကျောင်းကအထက်တန်းကျောင်းသူအသတ်ခံရတာလည်းအဲ့လိုကြီးပဲနော် လူသတ်သမားကတစ်ယောက်ထဲထင်တယ်"

"အေးပေါ့....ဟိုဘာလဲ.... ဟိုတော့ပိုကီဆိုင်ကဦးလေးကြီးအသတ်ခံရတာလည်းအဲ့အတိုင်းကြီးပဲလေ.....ကြောက်စရာကြီး ဒါနဲ့ပြောကြတာတော့ အဲ့ဒီလူသတ်သမားက စိတ်ကြိုက်နှိပ်စက်ပြီးရင်မျက်နှာကိုသံလုံးနဲ့ထုသတ်တယ်ဆိုပဲဟ"

အခန်းဖော်၃ယောက်ရှိသည့်အနက် တချိန်လုံးတိတ်ဆိတ်နေသည့် Yuu Heeက သူမ၏ဖုန်းအားကြည့်နေရင်းဖြင့်

"ငါ စတိုးဆိုင်သွားမလို့ဘာမှာကြဦးမလဲ"

LeeNaက သူမအား အံ့အားသင့်သလိုကြည့်ပြီး

"Yuu Hee yarr..... ဒီအချိန်ကြီးဘာသွားဝယ်မလို့လဲ မနက်မှသွားတာမဟုတ်ဘူး"

"အစာကြေဆေးသွားဝယ်မလို့....ဘာမှမမှာလဲနေ......သွားပြီ"

"ဟဲ့ဟဲ့....ငါ့အတွက် ခေါက်ဆွဲဗူးနှစ်ဗူးဝယ်ခဲ့ ပိုက်ဆံကပြန်လာမှပဲယူတော့"

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Waar verhalen tot leven komen. Ontdek het nu