2(uni+Zg)

1.2K 160 19
                                    

2
နိုင်ငံခြားသားအစုံရှိသော စျေးတန်းတစ်ခု ထိုစျေးတန်းထဲတွင်တရုတ်လူမျိုးများရုရှားလူမျိုးများအများအပြားရှိပြီးတခြားသောနိုင်ငံခြားသားများနှင့်ကိုရီးယားနိုင်ငံသားများလည်းရှိသည်။ ထိုစျေးတန်းသည် အသားငါးများအများဆုံးရသည့် ဒိုင်ပုံစံစျေးသည်များဖြစ်ပြီး လောင်းကစားဝိုင်းများဟာလည်းအစုံအလင်ပင်ရှ်ိသည်။ထိုစျေးတန်း၏ပိုင်ရှင်မှာ လူမိုက်လူရမ်းကားများ၏ခေါင်းဆောင် သူဋ္ဌေးMin YoonGiဖြစ်သည်။ ကြွယ်ဝချမ်းသာပင်မယ့်သူ၏ပုံစံအတိုင်း ဂျင်းဒူးပြဲဘောင်းဘီ ရှပ်လက်တိုအင်္ကျီတစ်ထည်ဖြင့်သာနေလေ့ရှိသည်။ ဂုတ်ထိရှည်သောဆံပင်ကောက်ကောက်တို့အားပုံသွင်းထားခြင်းမရှိပဲ ကပိုကရိုသာထား ထားတတ်သော်လည်း အလွန်ပင်ကြည့်ကောင်းသည့်လူမိုက်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

စျေးတန်းထဲသို့သူ၏နောက်လိုက်များဖြင့် ဝင်လာသည်နှင့်မိန်းမကြီးတစ်ဦးမှာ ပြေးလာကာ YoonGi၏လက်အားဆွဲကိုင်ကာ

"သူဋ္ဌေးလေးရယ် ကျွန်မတို့ကိုကယ်ပါဦး.....မြို့တော်ဝန်ကြီးက ဒီနေရာကိုဖယ်ခိုင်းထားတယ်ဆိုပြီး ကျွန်မတို့ကိုမောင်းထုတ်နေတယ် ကျွန်မရဲ့သားလေးကဒီနှစ်အင်ဂျင်နီယာ ဘွဲ့ယူမယ့် နောက်ဆုံးနှစ်ရောက်နေပြီ..... ကျွန်မ မထောက်ပံ့ပေးနိုင်တော့ရင် သားလေးလည်းဘွဲ့ယူရတော့မှာမဟုတ်ဘူးသူဋ္ဌေးလေးရယ် ကူညီပေးပါ"

ထိုအမျိုးသမီးက ငိုကြီးချက်မ ပြောသည်။YoonGiသည် သူ၏လက်အားထိုမိန်းမကြီးလက်ထဲမှရုန်းထွက်လိုက်ပြီး ရှေ့သို့ဆက်သွားလိုက်သည့်အခါ ပြိုလဲပျက်စီးနေသောဆိုင်ခန်းများနှင့် ငိုယိုနေကြသောစျေးသူစျေးသားများ......သူ့ကိုတွေ့သည်နှင့် အားကိုးတကြီးကြည့်လာကြသော မျက်ဝန်းများ......။

"ဘယ်မှာလဲ ဘ်ိုးတော်ရဲ့လူတွေ "

"မြို့တော်ဝန်ကဒီကိုလာမယ်ဆိုလည်းသွားကြိုကြပါတယ်အကိုကြီး"( ရိုသေ သမှုဖြင့်ခေါ်ခြင်းဖြစ်သည်။)

YoonGi၏အမေးအား နောက်လိုက်တစ်ယောက်ကဖြေလိုက်သည်။ သူ၏စကားမစဲသေးခင်မှာပဲ စျေးတန်း၏အဝင်ဝတွင် ကားသုံးစီးထိုးရပ်လာပြီး ဒုတိယမြောက်ကားထဲမှ မြို့တော်ဝန်ကသူ၏တုတ်ကောက်ဖြင့်တစ်ဒေါက်ဒေါက်လျှောက်ကာ YoonGiနှင့်မျက်နှာချင်းဆိုင်ရပ်လ်ိုက်ပြီး

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now