33(uni+Zg)

889 110 35
                                    

သမ္မတ၏ အိမ်တော်မှပြန်ထွက်လာသည့်အခါ ခြံဂိတ်ဝတွင် သတင်းမီဒီယာသမားများကအုံလိုက်ကျင်းလိုက်ရောက်နေကြသည်။သက်တော်စောင့်များက မြို့တော်ဝန်ကိုဝန်းရံလိုက်ပြီး ထိုသတင်းမီဒီယာသမားများကြားမှတွန်းတိုက် ကာ ကားအနားသို့ရောက်အောင်သွားရသည်။

"မြ်ို့တော်ဝန်ရှင့်.....အခုထွက်ပေါ်နေတယ့်သတင်းတွေအတွက်ဘယ်လိုတုန့်ပြန်ချက်ပေးချင်ပါလဲရှင့်........"

အနောက်ဘက်မှ သတင်းသမားမိန်းကလေး၏အသံကျယ် ကျယ် ကထွက်ပေါ်လာသည်။

"မဲလိမ်ခဲ့တယ်ဆိုတာကရော....... ဘယ်လိုဖြေရှင်းချင်ပါလဲဗျ"

မေးခွန်းများစွာက တစ်ယောက်တစ်ပေါက်ထွက်လာကြပြီး ဆူညံ့လျက်ရှိနေသည်။ ကားထဲသို့ဝင်ထိုင်လိုက်သည်နှင့် ဒါရိုက်ဘာက မောင်းထွက်သွားပြီး အနောက်မှသက်တော်စောင့်များကလည်း ကားကိုယ်စီဖြင့်လိုက်လာခဲ့ကြသည်။

"အိမ်ကိုပဲပြန်မှာလား မြို့တော်ဝန်ဗျ"

မြို့တော်ဝန်က ကားကူရှင်ကို ခေါင်းမှီထားကာ အံကိုကြိတ်ထားသည်မှာမေးရိုးတွေပင်ထင်းနေသည်။ သက်တော်စောင့်အမေးကိုခေါင်းသာညိတ်ပြပြီး

"Park NamJoonက အခုဘယ်မှာလဲရှာတွေ့ကြပြီလား!!"

"မြို့နယ် တရားရုံးထဲကိုဝင်သွားတယ်လို့သတင်းရထားပါတယ်"

"တောက်!!"

မြို့တော်ဝန်က ဒေါသတကြီးတောက်ခေါက်ကာ အသက်ရှု သံကလည်းပြင်းထန်နေသည်။
သမ္မတကလည်း အခုထွက်ပေါ်နေသည့်သတင်းများကိုအမြန်ဆုံးဖြေရှင်းရန် ဖိအားပေးလိုက်သေးသည်။

====================

မြို့တော်ဝန်၏ သတင်းက တစ်နိုင်ငံလုံးသို့ပျံ့နှံ့သွားပြီး နိုင်ငံရေးသမားများကလည်း ရုတ်ရုတ်သဲသဲ အခြေအနေကို အသုံးချကာ မြို့တော်ဝန်အား ထိုးနှက်ဆွဲချရန် ပြင်ဆင်ကြလျက်ရှိသည်။

NamJoon ရောက်နေသည့်နေရာက ဆိုးလ်မြို့၏မြ်ို့နယ် တရားရုံးရှိ တရားသူကြီး Na Hone Suu ၏ ရုံးခန်းထဲတွင်ဖြစ်သည်။ ဆယ့်ငါးမိနစ်ကျော်စောင့်ဆိုင်းပြီးသည့်အခါ တံခါးဖွင့်သံနှင့်အတူ တရားသူကြီးဝတ်စုံဖြင့်ခန့်ညားစွာ  အသက်ငါးဆယ်ကျော် တရားသူကြီးNa က ဝင်လာသည်။ NamJoonက ထ၍အရိုအသေပေးလိုက်တော့ တရားသူကြီးNa က သူ၏အလုပ်စားပွဲတွင်ဝင်ထိုင်ပြီး မျက်နှာချင်းဆိုင်မှ ခုံကိုNamJoon အား ညွှန်ပြ၍ထိုင်စေသည်။

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now