20(uni+Zg)

904 136 46
                                    

"ကျွန်တော်တို့အခု ဖြစ်ပျက်နေတယ့် ကိစ္စရပ်တွေကိုအမြန်ဆုံးဖြေရှင်းပြီးတရားခံကို ဖမ်းမိဖို့ကြိုးစားနေတယ့်အတွက်ပြည်သူတို့အနေနဲ့ အများကြီးမတုန်လှုပ်ဖို့ပြောကြားချင်ပါတယ် တောင်ကိုရီးယားရဲတပ်ဖွဲ့ဝင်တွေကလည်း ပြည်သူတို့ကို ကာကွယ်မှုတွေပေးသွားမှာပါ......"

တီဗွီဖန်သားပြင်ပေါ်ရှိ မြို့တော်ဝန်၏မိန့်ခွန်းပြောနေခြင်းအား ဧည့်ခန်းဆိုဖာတွင်ထိုင်ကြည့်နေရင်းဖြင့် ဘေးခုံတွင်စာအုပ်ဖတ်​နေသော NamJoonအား

"hyung......."

စာအုပ်ဖတ်နေသော NamJoonက Jiminအား အကြည့်တစ်ချက်ပေးပြီးသူ၏စာကိုသာအာရုံပြန်စိုက်နေသည်။

"ဒီရက်ပိုင်းတွင် စောစောပြန်လာနော်......အခုရက်ပိုင်းhyung အပြန်တွေသိပ်နောက်ကျတယ်.........လူသတ်မှုတွေကနေရာအနှံ့ဖြစ်နေတာကြောက်ဖို့ကောင်းတယ်"

NamJoonထံမှ တုန့်ပြန်သံမကြားရသည့်အခါ Jiminက မြို့တော်ဝန်၏ မိန့်ခွန်းပြောခြင်းကိုသာပြန်၍ကြည့်နေလိုက်သည်။

"ပြည်သူတို့ရဲ့စိုးရိမ်ကြောင့်ကြစိတ်ကိုအနည်းငယ်ဖြေဖြောက်ပေးနိုင်ဖို့အတွက် လာမယ့် 13ရက်နေ့က အားလုံးသိတယ့်အတိုင်း ကျွန်တော့်ရဲ့သားအငယ် Park Jiminရဲ့မွေးနေ့ဖြစ်တယ့်အတွက် နေရာအနှံ့မှာလှုတန်းမှုတွေပြုလုပ်သွားမှာဖြစ်ပြီး အိမ်ရာမှာလည်း ငွေသားလှုဒါန်းမှုတွေပြုလုပ်မှာဖြစ်တယ့်အတွက် လာရောင်ဆင်နွှဲပေးကြဖို့မျှော်လင့်ပါတယ်......."

ဘတ်စ်ကားမှတ်တိုင်မှ တစ်ဖက်လမ်းရှိ သုံးထပ်တိုက်အဆောက်အဦး၏LED Boardတွင် မြ်ို့တော်ဝန်၏မိန့်ခွန်းနှင့် Jimin၏ မွေးနေ့ဖြစ်ကြောင်း ဓာတ်ပုံများအားကြည့်ကာ သူ၏မျက်မှန်ကိုပင့်တင်လိုက်သည်။

"13ရက်နေ့......."

တစ်ကိုယ်တည်းကြားအောင်ရေရွတ်လိုက်ပြီးနောက် ကားမှတ်တိုင်သို့ဆိုက်ရောက်လာသော ဘတ်စ်ကားပေါ်သို့အလျင်မြန်ပြေးတက်လိုက်ချိန် ကားပေါ်သို့ တက်သောတခြားသူတစ်ယောက်အားဝင်တိုက်မိသည်။

"အာ...ဒီဝက်လိုကောင်ကတော့!"

"တောင်းပန်ပါတယ်...... "

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now