31(uni+Zg)

885 129 33
                                    

ဆေးရုံအပြင်ဘက်ပန်းခြံထဲသို့လေကောင်းလေသန့်ရှုရန်အတွက် ဝှီးချဲလ်ဖြင့် ထွက်လာခဲ့လိုက်သည်။ လူနာအခန်းအတွင်းမှထွက်လာကာ ကော်ရစ်တာသို့ရောက်သည်နှင့် လမ်းတစ်လျှောက်ရှိဆရာဝန်၊ သူနာပြုများလူနာစောင့်များက သူ့အားကြည့်ကာတီးတိုးပြောကြနေသည်ကိုသတိထားမိသည်။

"ဟို......ကျွန်တော့်ပုံစံကတမျိုးဖြစ်နေလို့လား"

အနောက်မှ ဝှီးချဲလ်အားတွန်းပေးနေသောသက်တော်စောင့်အားမေးလိုက်သည်။ ထိုသက်တော်စောင့်က Jiminအားငုံ့ကြည့်ကာ

"အဆင်ပြေပါတယ် သခင်လေး......."

Jiminက ခေါင်းငုံ့ပြကာဆေးရုံအပြင်သို့မြန်မြန်လိုက်ပို့ပေးရန် ပြောလိုက်သည်။

ဆေးရုံအပြင်ဘက်သို့ရောက်သည့်အခါတွင်လည်းထိုနည်း၎င်းပင်။ Jiminသည်သူ့အားကြည့်လိုက် လက်ထဲရှ်ိဖုန်းကိုကြည့်လိုက်ဖြင့် တွတ်ထိုးနေကြသော လူတွေအားအနည်းငယ်တော့အမြင်မကြည်ဖြစ်လာပြီး

"ကျွန်တော့်ဖုန်းကို ပေးပါ"

သက်တော်စောင့်က ဖုန်းကိုထုတ်ပေးသည်။

"Jimin....."

သက်တောင်စောင့်ထံမှဖုန်းကိုယူကာ စစ်ဆေးရန်ပြင်စဥ် နာမည်ခေါ်သံကြောင့်မော့ကြည့်လိုက်တော့ ဦးထုပ်အားခေါင်းငိုက်စိုက်ထားသောလူငယ် တစ်ယောက်ဖြစ်နေပြီး ရင်းနှီးနေသည့်အသံက

"Vလား....."

ထိုလူငယ်ကခေါင်းညိတ်ပြသည်။

"ဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ........."

"လာတောင်းပန်တာပါ......."

Taehyung ၏စကားကြောင့် Jiminကမျက်နှာပျက်ကာ ခေါင်းလွှဲလိုက်သည်။

"တောင်းပန်ပါတယ် Jimin....... "

"ငါမင်းကိုတကယ်ခင်ခဲ့တာ ........ မင်းက်ိုရောမင်းအဖေကိုရောအဲ့လိုလုပ်လိမ့်မယ်လို့မထင်ခဲ့ဘူး........."

"တောင်းပန်ပါတယ် ကလွဲပြီး ကျန်တာမပြောတတ်တော့ဘူး..........ပြောလည်းမထွက်တော့ဘူး........ငါတောင်းပန်ပါတယ် "

Jiminက သက်ပြင်းချကာမျက်စိစုံမှိတ်ထားလိုက်သည်။

"ဪ....... ဧည့်သည်ရောက်နေတာပဲ"

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now