8(uni+Zg)

941 145 34
                                    

ကျယ်ဝန်းသောခြံအကျယ်ကြီးထဲသို့ အရှိန်တင်မောင်းနှင်လာသော နက်ပြာရောင်ပြိုင်ကားလေးတစ်စီး ။ စင်ဝင်အောက်တွင်ရပ်လိုက်ပြီးနောက် ကားပေါ်မှဆင်းလာသူမှာ Blonde hair အားဂုတ်အစက်နားထိရှည်နေပြီး ရှပ်အင်္ကျီအဖြူအပေါ်မှ အနက်ရောင်လည်သာ ကုတ်ကိုဝတ်ဆင်ထား၍ လည်သာဘောင်းဘီကိုလည်းဝတ်ဆင်ထားသည့်သူမှာ ​ဖြောင်းစင်းနေသောနှာတံနှင့် နှာခေါင်းထိပ်ရှိ မှည့်နက်ကလေးမှာ တစ်မျိူးဆွဲဆောင်နေပြန်သည်။ နှုတ်ခမ်းအားလျှာဖြင့်တစ်ချက်သပ်လိုက်ပြီး အိမ်ကြီးထဲသို့ဝင်လာသည့်သူသည် အလိုမကျစွာမျက်ခုံးများကိုလည်း တွန့်ချိုးထားသေး၏။

"ဒယ်ဒီရော!"

လှေကားအား ကြမ်းတိုက်နေသည့်အိမ်အကူအားမေးလိုက်ခြင်းဖြစ်သည်။

"သူဋ္ဌေး က ခြံအနောက်ဘက်မှာပါရှင့်"

နှာမှုတ်ကာသက်ပြင်းချလိုက်ပြီး အိမ်ထဲမှပြန်ထွက်လာကာ အိမ်၏ဘေးမှပတ်သွား၍ခြံအနောက်ထဲသို့သွားလိုက်သည်။ ခြံအနောက်ဘက်ရှိ ဂေါက်ကွင်းအသေးစားလေးတွင် ဂေါက်ရိုက်နေသည့်အမျိုးသားကြီးသည်လည်း သူ့ထံသို့လျှောက်လာနေသောသူအားတွေ့သည့်အခါ ဂေါက်ရိုက်ခြင်းအားရပ်တန့်လိုက်သည်။ ထိုသူက အမတ်Kim.....

"ဒယ်ဒီ ဘာတွေလျှောက်လုပ်နေတာလဲ"

"အရေမရ အဖက်မရတွေလုပ်ပြီး ရင် အိမ်ပြန်လာပြီး ပြသနာမရှာနဲ့ Taehyung! "

"ကျွန်တော် ပြသနာရှာနေတာမဟုတ်ဘူး!! မနေ့က မြို့တော်ဝန်ကို လုပ်ကြံဖို့လူတွေလွှတ်လ်ိုက်တာ ဒယ်ဒီမလား!!"

အမတ်Kim သည် ဂေါက်ရိုက်တံဖြင့် ဂေါက်သီးအားချိန်ကာ အားပြင်းပြင်းဖြင့်လွှဲရိုက်လိုက်ပြီး

"ငါအလုပ်ငါနေတာ Taehyung.....မကူညီနိုင်ရင်နေ! လာတော့မရှုပ်နဲ့!! မင်းကိုလည်းမင်းလုပ်ချင်တာ လုပ်ခွင့်ပေးထားပြီးသား...."

Taehyungသည် သူ၏ဖခင် အမတ်Kimအား သေချာကြည့်၍

"ဒါဆိုလည်း ဒယ်ဒီ့ရဲ့ လုပ်ရပ်တွေက ကျွန်တော့်အပေါ် မသက်ရောက်ပါစေနဲ့........မဟုတ်ရင်သားအဖချင်းလည်း ညှာမှာမဟုတ်ဘူး"

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now