4(uni+Zg)

996 150 29
                                    

4

နေ့လည် ထမင်းစားချိန်ဖြစ်၍ ကန်တင်းတွင်လူစုံနေလေသည်။ အစားအသောက်အပြိုင်အဆိုင်မှာနေကြသော အသံများ ရီသံများဇွန်းသံပန်းကန်သံများ ဖြင့်စည်ကားနေသော ကန်တင်း၏အလယ်တွင်Jiminတစ်​ယောက်တောင့်တောင့်ကြီးရပ်နေကာ အရှေ့တည့်တည့်ရှိ လူကိုသာ ပြူးကြည့်နေသည်။ ထိုလူသည် Jiminအားတွေ့သည်နှင့် ပြုံးပြကာ သူ့ဆီသို့တစ်လှမ်းချင်းလျှောက်လာသည်။

"နေ့လည်စာ စားတော့မှာလား အငယ်လေး"

မိမိအရှေ့မှ သူအားအတန်ကြာငေးကြည့်ပြီးကာမှ

"ဟုတ်....ကဲ့ ရှေ့နေကြီး....."

"ဒါဆို ဒီနေ့လည်းကိုယ်နဲ့အတူစားရအောင်လေ လာ...."

သူ၏လက်ကောက်ဝတ်မှ ညင်သာစွာဆွဲခေါ်သွားသော သူအားအံ့ဩတကြီးဖြစ်နေတုန်းပင်။ အိမ်သို့သွားတွေ့ပြီးနောက်ရက်မှစ၍ ညတိုင်းဖုန်းခေါ်ကာ အရှေ့အနောက်မလွတ်သော စကားများပြောသည့်ရှေ့နေက နေ့လည်ခင်းတွင်လည်း သူ၏တက္ကသိုလ်မေဂျာအထိရောက်လာကာ နေ့လည်စာအတူစားချင်ပါသည်ဟုဆိုပြီး နေ့တိုင်းနီးပါးအတူလာစားလေ့ရှ်ိသည်။ ကိုယ့်ဘက်ကခံစားချက်ရှိနေတာမို့ ယခုအခြေအနေအားကြိတ်ကာပျော်နေပင်မယ့် ဖခင်ဖြစ်သူမြို့တော်ဝန်၏ ဆူပူမှု များအား နေ့တိုင်းနားထောင်နေရသည်။ Jungkook သည် မိမိအရှေ့ရှိ မုန့်ကိုသာအာရုံစိုက်၍ စားနေသော ကောင်လေးအားကြည့်၍ ဘေးဘီ ဘေးဘက်အားခေါင်းလှည့်ကြည့်သည့်အခါ သူ့အဖွဲ့နှင့်သူ သူ့အုပ်စုနှင့်သူ ထိုင်နေစားနေကြသော ကျောင်းသားများကိုတွေ့ရသည်။

"သူငယ်ချင်း မထားဘူးလား....."

Jiminသည် ပါးစပ်ထဲသို့ထည့်ခါနီးမုန့်အား ပန်းကန်ထဲတွင်ပြန်ထည့်၍

"မရှိတာပါ....... ဖေဖေ့ကြောင့် ဘယ်သူကမှမပေါင်းရဲကြဘူးလေ...."

သူချင်းမရှိသည်ကို ဟာသအနေဖြင့်ပြောပြီးရီနေသော ကောင်လေးအားကြည့်၍သက်ပြင်းငွေ့ငွေ့ ချမိသည်။ နှုတ်ခမ်းကပြုံးနေပင်မယ့် မျက်ဝန်းတွေကဝမ်းနည်းရိပ်သန်းနေသည်ကို ရှေ့နေဖြစ်သည့်သူက ကောင်းကောင်း အကဲခတ်မိသည်။ Jiminသည် အအေးခွက်အား ယူ၍သောက်ခါနီးမှ

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now