21(uni+Zg)

911 138 28
                                    

လေယာဥ် ထွက်ခွာချိန်သတိပေးသံထွက်လာသဖြင့် NamJoonထိုင်နေရာမှထကာ သူ၏ ခရီးဆောင်အိတ်ကိုဆွဲလိုက်သည်။

"ဒါဆို ကျွန်တော်သွားနှင့်ပြီ"

"ဟုတ်ကဲ့ဗျ"

NamJoonက Nickအား ခေါင်းညိတ်ပြလိုက်ပြီးသူ၏မျက်မှန်းကိုင်းအား နှာရိုးစပ်နေရာမှလက်ညှိုးနှင့်ပင့်လိုက်ပြီး

"သူကရော....."

"ခင်ဗျားနဲ့ဘေးချင်းကပ်ရပ် ဖြစ်လိမ့်မယ်"

"ကောင်းပြီ"

====================

လေယာဉ် အထဲသို့ရောက်သည့်အခါသူထိုင်ရမည့်ခုံနံပါတ်အားလိုက်ရှာသည်။ ခုံနေရာတွင် ပန်းနုရောင်တီရှပ်လက်တိုအား အပေါ်မှpilot coat အနက်ရောင် ဂျင်းဘောင်းဘီအနက်အားဝတ်ဆင်ထားသူက ဦးထုပ်အားခေါင်းငိုက်စိုက်ဆောင်းထားသည်။ NamJoon လည်းထိုလူဘေးတွင်ဝင်ထိုင်လိုက်ပြီး အကဲခတ်ကာ

"အရာရှိ Kim Seok Jinလား"

ထိုသူက ဦးထုပ်အားချွတ်ကာ သူ့ဘက်သို့ခေါင်းလှည့််ကြည့်၍

"Nick ပြောထားတယ့်တစ်ယောက်လား"

"ဟုတ်ပါတယ်......Kim NamJoonလို့ခေါ်ပါတယ်"

SeokJin က NamJoonအား သေချာကြည့်၍

"Park NamJoonမဟုတ်ဘူးလား....."

SeokJin၏လေသံတွင်မနှစ်မြို့ချင်းတို့ကပါဝင်နေသည်။ NamJoonက ဆက်မပြောတော့ပဲ အရှေ့သို့မျက်နှာမူ၍မျက်လုံးများမှိတ်ထားလိုက်သည်။ NamJoon၏ အေးတိအေးစက်ပုံအား SeokJimက နှာခေါင်းရှုံ့လိုက်ပြီးမျက်နှာကိုတစ်ဖက်သို့လွှဲထားလိုက်သည်။ လေယာဉ် စထွက်သည့်အချိန်ကစ၍မည်သည့်စကားမှမဆိုခဲ့သည်မှာ လေယာဥ် ကွင်းဆိုက်သည်အထိဖြစ်သည်။

လော်ဘီထဲမှထွက်လာသည့်အခါ Jungkookကအဆင်သင့်စောင့်နေသဖြင့် NamJoonနှင့် SeokJinသည် Jungkookရှိရာသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။

"အရင်ဆုံး ကျွန်တော့်တိုက်ခန်းကိုပဲသွားကြတာပေါ့....."

Jungkookက ဦးဆောင်ကာအရှေ့မှထွက်သွားသည်။ ကားပေါ်တွင်အသီးသီးနေရာယူလိုက်ပြီးနောက် SeokJinက မေးလိုက်သည်။

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Место, где живут истории. Откройте их для себя