30(uni+Zg)

879 119 23
                                    

"အမတ်Kim.......ပြန်တော့မလို့လား.......သံတမန်တွေကအခုမှရောက်တာကို....... မြ်ို့တော်ဝန်ကလည်းသူ့သားဇောနဲ့ မလာနိုင်ဘူးဗျာ........အခုဒီမှာမျက်နှာဖုံးဆိုလို့ အမတ်Kimပဲရှိတာ ခနလေးနေသွားပေးပါဦး..........."

အမတ်Kimက နာရီတကြည့်ကြည့်ဖြစ်နေပြီးသူ့အားမပြန်သေးရန် တားနေသော အမတ်Yuu အား

"အရေးတကြီးကိစ္စလေးရှိနေလို့ပါ........ခနနေ ခရိုင်မှုးတို့ရော သမ္မတကြီးရောရောက်လာတော့မှာပဲလေ............ကျွန်တော့်ကိုခွင့်ပြုပါဦး"

အမတ်Kim သည် နှုတ်ဆက်ပြီးသည်နှင့်ပွဲအတွင်းမှအလျင်စလိုထွက်လာသည်။ ပွဲအဝင်ပေါက်တွင်လာရပ်သော ကားပေါ်သို့တက်လိုက်ပြီးသူ၏သက်တော်စောင့်ကိုမေးလိုက်သည်။

" ဘယ်လိုတွေဖြစ်ကုန်တာလဲ"

"ရဲနှစ်​ယောက်နဲ့ သူဋ္ဌေးMin ရောက်လာပြီး သူဋ္ဌေးMinရဲ့လူတွေပါရောက်လာပါတယ်.........ကြည့်ရတာတော့ ရိပ်မိသွားပြီထင်ပါတယ်"

"တောက်!!!!"

အမတ် Kim က တောက်ခေါက်လိုက်ပြီး

"ဟိုလူတွေပြောတော့ ရှာမတွေ့နိုင်ဘူးဆို!!! မြန်မြန်မောင်း!!!! ရဲအုပ်Kam ကို ဆက်သွယ်ထားလိုက်!!!"

======================

ဘရားဇီးလူမျိုးများသည် ခန္ဓာကိုယ်ပို၍တောင့်တင်းသဖြင့် SeokJin တို့အသေအလဲတိုက်ခိုက်နေရသည်။ အနီးအနားတွင်ရှိသော ပစ္စည်းပစ္စယာများလည်း ကျကွဲလျက်ရှိပြီး စစ်ပွဲဖြစ်နေသည့်အတိုင်းပင်။ ကိုယ်ခံအားတောင့်သော ဘရားဇီးသားတွေ၏ ဒါဏ်ကို Boraကမခံနိုင်ပေ။ ညှာတာမှုကင်းမဲ့စွာတိုက်ခိုက်နေကြခြင်းကြောင့် လူတိုင်းတွင်ဒါဏ်ရာကိုယ်စီဖြင့် ဖြစ်နေသည်။

လှေကားပေါ်သို့ပြေးတက်လာသောခြေသံများကြားရပြီး လူအုပ်ကြီးအော်ဟစ်သံနှင့်အတူ သူတို့၏တိုက်ပွဲအတွင်းသို့ဝင်လာကြသောYoonGi ၏ လူမ်ိုက်များ........။ ခေါင်းဆောင်ဖြစ်သူက SeokJinအား

"အောက်မှာ အကိုကြီးနဲ့လူနည်းနည်းပဲကျန်ခဲ့တယ်"

SeokJinက ခေါင်းညိတ်ပြလိုက်ပြီး Boraအားအော်ပြောလိုက်သည်။

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now