13(uni+Zg)

971 143 37
                                    

ငိုထားသည့်အရှိန်ကြောင့် မျက်ခွံများဟာ အစ်မို့နေပြီး ကိုယ်အပူရှိန်ကြောင့်လည်ချောင်းထဲ၌ခြောက်ကပ်ကပ်ဖြစ်နေသောကြောင့်အိပ်နေရာမှ လူးလွန့်ကာနိုးလာခဲ့သည်။ ကုတင်ဘေးတွင်ရှိသော မီးအိမ်တင်ထားသည့်စင် အသေးလေးပေါ်မှရေကရားအားလှမ်း၍လိုက်တော့ ပေါ့ပါးစွာပါလာသောရေကရ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ငိုထားသည့်အရှိန်ကြောင့် မျက်ခွံများဟာ အစ်မို့နေပြီး ကိုယ်အပူရှိန်ကြောင့်လည်ချောင်းထဲ၌ခြောက်ကပ်ကပ်ဖြစ်နေသောကြောင့်အိပ်နေရာမှ လူးလွန့်ကာနိုးလာခဲ့သည်။ ကုတင်ဘေးတွင်ရှိသော မီးအိမ်တင်ထားသည့်စင် အသေးလေးပေါ်မှရေကရားအားလှမ်း၍လိုက်တော့ ပေါ့ပါးစွာပါလာသောရေကရားက ရေ တစ်ငုံစာသာရှိလောက်မည်။ အဖျားရှိန်ကြောင့် နုံးခွေနေသော်လည်း ရေသောက်ချင်လာသည်ကြောင့် ကုတင်ပေါ်မှဖြေးညှင်းစွာဆင်းလာတော့ မိုက်ကနဲဖြစ်သွားသည့် ခန္ဓာကိုယ်အားအလျင်အမြန်ပင်ပြန်ထိန်းလိုက်ရသည်။ အခန်းထဲမှလှုပ်တိလှုပ်လဲ့ထွက်လာကာ အောက်ထပ်သို့တစ်ထစ်ခြင်းဂရုတစိုက် ဆင်းလာသည်အထိ အိမ်အကူတစ်ဦးမျှကိုမတွေ့ရသေးပေ။ ထို့ကြောင့် မီးဖိုခန်းထဲသို့သာသွားရန် ပြင်လိုက်တော့သည်။

====================

"နောက်ဆုံးတော့လည်း သရုပ်မှန်ကပေါ်လာတာပါပဲလား မောင်ရင်......"

အနီရောင်ကတ္တီပါဆိုဖာခုံတွင်​ခြေ ချိတ်၍ထိုင်နေသောမြ်ို့တော်ဝန်သည် သက်တော်စောင့်နှစ်ဦး၏ချုပ်နှောင်ထားမှုအကြားမှ Jungkookအား ခနဲ့၍ပြောလိုက်သည်။

"ငါပြောထားပြီးသားပဲ.......ငါ့အိမ်ကိုရည်ရွယ်ချက်နဲ့ဝင်လာတယ့်သူဆိုရင် အသက်ရှင်လျက်ပြန်မလွှတ်ပေးဘူးလို့.......မောင်ရင်ကိုယ့်သေတွင်းကိုယ်တူးမိတာပဲ.........မှန်းစမ်း....."

သူ၏အရှေ့ရှိ ကျွန်းဆက်တီစားပွဲခုံပေါ်မှ Jungkook ခိုးယူရှာဖွေထားသောစာရွက်စာတန်းများအား ကြည့်ကာခေါင်းတစ်ညိတ်ညိတ်ဖြင့်

"မောင်ရင့်မိဘတွေကိုသတ်ခဲ့မိတာလား........ဆောရီးကွာ......နေရာတိုင်းကိုလိုက်ရှုပ်ချင်တယ့်ကြွက်တွေကို အမျိုးပြုတ်အောင်လုပ်ပေးလိုက်တာ.........မရည်ရွယ်ပါဘူး အဟက်!"

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now