5(uni+Zg)

936 151 17
                                    

5

အမှုသည်နှင့် တွေ့ဆုံစကားပြောပြီးနောက် သူ၏အိမ်သို့ ပြန်လာခဲ့သည်။ ယောကျာ်းသားနှစ်ယောက်သာရှိသောအိမ်ဖြစ်တာကြောင့် အိမ်အကူအားအသက်ကြီးကြီးအမျိုးသမီးတစ်ဦးကိုသာငှားထားပြီး ထိုအမျိုးသမီးကိုလည်း ညစာချက်ပြုတ်ပြီးသည်နှင့်အလုပ်ဆင်းခိုင်းထားသည်။ အိမ်ထဲသို့ဝင်လာချိန်တွင် အဖိုးဖြစ်သူက ဧည့်ခန်းတွင်ထိုင်ကာ မဂ္ဂဇင်းဖတ်နေလေပြီးသူ့အား

"နောက်ကျတယ်နော် မြေး....."

"ဟုတ်တယ်အဖိုး.....သွားတွေ့ရတယ့်အမှုသည်ရဲ့အိမ်ကနည်းနည်းဝေးနေလို့"

"ဟုတ်ပါပြီ....ရေချိုးပြီးဆင်းခဲ့လေ ညစာစားကြတာပေါ့"

"ဟုတ်ကဲ့ပါ"

=============================

ညမှောင်နေပြီဖြစ်သောကြောင့် ရေအားအချိန်မဆွဲတော့ပဲ အလျင်မြန်ပင်ချိုးပြီး ပေါ့ပေါ့ပါးပါးဝတ်စုံတစ်စုံအားထုတ်ဝတ်လိုက်သည်။ ခေါင်းအားလက်ဖြင့်ထိုးဖွကာခါလိုက်ပြီး သူ၏မျက်မှန်အားတပ် ၍အခန်းထဲမှထွက်လာလိုက်သည်။ ထမင်းစားပွဲတွေအဆင်သင့်ရောက်နေပြီဖြစ်သောအဖိုးက သူ့အားပြုံးပြ၍

"မြေးဆိုယွန်း ရဲ့အဖေက နေ့လည်ကအိမ်လာသွားသေးတယ်"

"ဟုတ်လား ကျွန်တော်တောင် အရင်ရက်က So Yoonနဲ့ စကားပြောဖြစ်သေးတယ်......ဦးလေးချွဲက ဘာကိစ္စရှိလို့တယ့်လဲ"

အဖိုး၏ပန်းကန်ထဲအားဟင်းခတ်ထည့်ပေးရင်းဖြင့်မေးလိုက်သည်။

"So Yoon ကို ဆိုးလ်ပြန်ခေါ်ပြီး မြေးနဲ့အိမ်ထောင်ချပေးတော့မလို့တယ့်လေ"

ဟင်းခတ်နေသောJungkook၏ လက်များရပ်တန့်သွားသလို ပြုံးနေသောမျက်နှာသည်လည်း ချက်ချင်းပင်တည်သွားသည်။ သတိထားမိသွားသည့်အဖိုးက

"ဘာပြသနာ ရှိလို့လဲ မြေး......"

"ကျွန်တော်.......လက်ထပ်တာကိုခနနောက်ဆုတ်ထားလို့ရမလား အဖိုး......"

အဖိုး၏မျက်နှာသည်လည်း တည်သွားကာ

"ဘာဖြစ်လို့လဲ......မြေးချောင်းပေါက်မတတ်သွားနေတယ့် တက္ကသိုလ် က တစ်ယောက်ယောက်​ကြောင့်လား"

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now