22(uni+Zg)

809 126 24
                                    

နှာခေါင်းထဲသို့ဝင်လာသော အုပ်သိုးသိုးအနံ့ကြောင့် အသိစိတ်ကပ်ကာ မျက်လုံးဖွင့်ကြည့်သည့်အခါ မှောင်ပိန်းနေသောမြင်ကွင်းကြောင့် ထိတ်လန့်စွာ လှဲနေရာမှ ထထိုင်လိုက်သည်။ လက်နောက်ပြန်ကြိုးတုပ်ခြင်းခံထားရပြီး ခြေထောက်သည်လည်း ထိုနည်း၎င်းပင်။ တစ်ယောက်ယောက်ကိုအကူအညီတောင်းရန်အော်ခေါ်မည်ပြုစဥ် အစေ့ပိတ်ခံထားရသောပါးစပ်က တိပ်ဖြင့်ကပ်ထားခြင်းသာဖြစ်လိမ့်မည်။ ကြောက်စိတ်တို့ဝင်လာကာ နားထင်မှချွေးစေးများတစ်တောက်တောက်စီးကျလာသည်။ ဘယ်လ်ိုဖြစ်ပြီးဒီအခြေအနေက်ိုရောက်လာသလဲဆိုတာ ဦးနှောက်ကိုအလုပ်ပေးရတော့သည်။

//Taehyung ၏ ဖုန်းဆက်ချိန်းမှုကြောင့်အိမ်ယာအတွင်းရှိ ပန်းခြံအသေးစားလေးထံသို့ အိမ်တော်ထိန်းMoအား အသ်ိပေးကာထွက်လာခဲ့သည်။ ပန်းခြံလေးသို့ရောက်သည့်အခါ Taehyung အားလူရောကားပါ မတွေ့ရသည့်အပြင် လူအရိပ်အယောင်ကိုပင်မတွေ့ရသောကြောင့် Taehyung အားအကျိုးအကြောင်းမေးရန်ဖုန်းထုတ်လိုက်ပြီး ဖုန်းscreen ၏ထိပ်ဆုံးတွင်ရှိနေသော Taehyung၏ဖုန်းနံပါတ်အား ခေါ်ဆိုရန်နှိပ်လိုက်သည်။

တူ~~~

ဖုန်း vibration တစ်ကြိမ်တုန်ခါပြီးသည့်အချိန်သူ၏နောက်စေ့ သို့ ပြင်းထန်သည့် ရိုက်ချက်တစ်ခုကျရောက်လာခဲ့သည်။

"အ့!"

မူးဝေလာသည့်အရှိန်ဖြင့် မြင်ကွင်းများကဝေဝါးသွားပြီးသူ၏လက်ထဲမှဖုန်းက မြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။ အနောက်မှတရားခံအားလှည့်ကြည့်ချိန် သူ၏ခေါင်းသို့အိတ် ဒါမှမဟုတ် အဝတ်တစ်ခုခုဖြင့် အုပ်လိုက်သည်ကိုခံစားလိုက်ရသည်။ ပြီးနောက် သူ့အားလူနှစ်ဦးက ခြေထောက်ဘက်မှတစ်ယောက်ဂျိုင်းမှတစ်ယောက်မက တစ်နေရာရာသို့ခေါ်သွားသည်က်ိုသူသိသည်။ရုန်းကန်ဖို့အင်အားလည်း မရှိပေ။

ဖေဖေ.......

ကားတစ်စီး၏နောက်အဖုံးထဲသို့ ပစ်သွင်းခံလိုက်ရသည်။နဂိုမူးဝေသည့်ခေါင်းက အပစ်ခံလိုက်ရသည့်အရှိန်ကြောင့် နှစ်ဆမူးဝေသွားသည်။ လူတစ်ယောက်၏စကားပြောနေသံအားဝေဝေ ဝါးဝါးကြားနေရပြီး ခနအကြာတွင်ကားနောက်ဖုံးပိတ်သံနှင့်အတူ မြင်ကွင်းများကလည်းအမှောင်အတိကျသွားခဲ့သည်။ //

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Waar verhalen tot leven komen. Ontdek het nu