Extra(uni+Zg)

1.4K 120 40
                                    

စကားပြောသံ ဇွန်းသံပန်းကန်သံတို့ဖြင့် ဆူညံနေသောစားသောက်ဆိုင်အတွင်းသို့ရောက်နေခြင်းဖြစ်ပြီး အကြောင်းအရင်းက ရှေ့နေကြီး၏ကျောင်းသားဟောင်းတွေ့ဆုံပွဲသို့ အတူလိုက်လာခဲ့ခြင်းဖြစ်သည်။

တရားဝင်လက်ထပ်ပြီး ၆လအကြာမှာပထမဆုံးပွဲထုတ်ခြင်းဖြစ်တာကြောင့် အပျော်ကြီးပျော်နေခဲ့သော်လည်း အခုတော့ပျင်းလာကာ အိမ်သို့သာပြန်ချင်နေပြီဖြစ်သည်။ Jungkookသည် ဘေးတွင် ခေါင်းငိုက်စိုက်ကာထိုင်နေသောသူကို ခနခနလှည့်ကြည့်နေရပြီး အရှေ့မှသူငယ်ချင်းဟောင်းများ၏မေးသမျှကိုလည်း ပြန်ဖြေနေရသည်။

"ရှေ့နေကြီး~~~~~"

Jiminသည် သည်းမခံနိုင်တော့သည့်အဆုံး Jungkook၏ အင်္ကျီလက်မောင်းစကိုဆွဲကာ ငြူစူစူခေါ်လိုက်သည်။ Jungkookကလည်း သဘောပေါက်ကာ သူ၏လက်ကိုအုပ်ကိုင်၍ နားအနားသို့ကပ်ကာ

"နာရီဝက်ပဲ......နာရီဝက်ပဲနော် နော်အငယ်လေး ခနလေးပဲ"

Jiminက သက်ပြင်းချကာ မျက်နှာတစ်ဖက်လွှဲလိုက်သည်။ Jungkookက Jiminစိတ်ဆိုးသွားသည်ဟုထင်ကာ Jiminကြိုက်သည့် အစားအသောက်များကို ပန်းကန်ထဲထည့်ပေး၍ အသားတုံးတစ်တုံးကို ခက်ရင်းဖြင့်ထိုးကာ Jimin၏ပါးစပ်အနားသို့တိုးကာ ခွံ့လိုက်သည်။ သို့သော်Jiminက မျက်နှာကိုပို၍လွှဲထားလိုက်သည်။

"Jeon Jungkook တို့များ ယောကျာ်းငယ်ငယ်လေးယူထားပြီး ခွံ့တောင်ကျွေးရတယ်ပေါ့"

ရီသံစွက်ကာ စနောက်၍ပြောလာသူက ကျောင်းအတန်းခေါင်းဆောင်ဖြစ်ခဲ့ဖူးသော Gan Suu Ye။

Gan Suu Ye သည် ကျောင်းတုန်းကတည်းက ပျော်ပျော်နေတတ်သူဖြစ်သဖြင့် Jungkook ကပြုံး၍သာ တုံ့ပြန်လိုက်သည်။

"ဟုတ်တယ်......သူကအဲ့လိုပဲ ငါနဲ့တွဲတုန်းကလည်းအဲ့လိုပဲ လိုလေးသေးမရှ်ိဂရုစိုက်ခဲ့တာ"

Gan Suu Ye ဘေးတွင်ထိုင်နေသော Park Eun Bo ဆိုသည့်မိန်းကလေး၏စကားကြောင့် Jimin၏ ခေါင်းကဆက်ကနဲလှည့်လာပြီး ကျန်သည့်သူများကလည်း ထိုမိန်းကလေးကိုတစ်လှည့် Jungkookနှင့် Jiminကိုတစ်လှည့်ကြည့်နေကြသည်။ တိတ်ဆိတ်သွားသော အခြေအနေအား Gan Suu Ye က

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Tempat cerita menjadi hidup. Temukan sekarang