14(uni+Zg)

895 165 31
                                    

အတိတ်ကပုံရိပ်တချို့အား တမ်းတပြီးသည့်အခါမှာတော့ထိုနေ့မှစ၍ပျောက်ကွယ်သွားသူက အဖိုးဖြစ်သူနှင့် New York သို့ ထွက်သွားကြောင်းသတင်းကိုသာကြားရခဲ့သည်။

ကျွန်တော်တို့က ရေစက်မပါဘူးထင်ပါရဲ့ရှေ့နေကြီးရယ်.....။

လက်ထပ်စာချုပ်တွင်လက်မှတ်ထိုးပြီး၃ရက်အကြာတွင် အမှတ်တရဓာတ်ပုံရိုက်ရန် ပူဆာခဲ့သောကြောင့် ဓာတ်ပုံဆရာအားအိမ်တော်သို့ခေါ်ကာ အိမ်တော်အတွင်း၌သာ ရိုက်ကူးခဲ့ပြီး ဘောင်သွင်းခဲ့သောဓာတ်ပုံအားကြည့်ကာနာနာကျဥ်ကျဥ်ပြုံးမိသည်။ စာမေးပွဲများဖြေပြီး၍ကျောင်းများပိတ်ထားသောကြောင့်အလုပ်ဟူ၍ရေရေရာရာမရှိပဲ မြို့တော်ဝန်၏ပွဲများကိုသာလိုက်ရသဖြင့် လူအျိုကွီးမြားကွားတှငျ ရွယ်တူဖြစ်သည့်အမတ် Kim၏သားနှင့်ပို၍ရင်းနှီးလာခဲ့သည်။ အခုလည်း အမတ်Kimရဲ့သား Kim Taehyung က ဒီနေ့လေ့ကျင့်ရေးမရှိသဖြင့် အပြင်မှာတွေ့ရန်ချိန်းဆိုထားသောကြောင့်ပြင်ဆင်ရဦးမည်ဖြစ်သည်။ အိမ်တော်ထိန်းMo လာပို့ထားသောမနက်စာပန်းကန်အားလျစ်လျူရှုလိုက်ကာ ရေချိုးခန်းထဲသို့ဝင်လိုက်သည်။

================

မြို့တော်ဝန် ၏ အိမ်တော်လောက်မကြီးကျယ်ပင်မယ့် အရှိန်အဝါတစ်ခုဖြင့် ခမ်းနားမှုရှိသောအိမ်တော်တစ်ခုထဲတွင်

"ဒယ်ဒီတို့ ဇယားတွေကြားထဲမှာ ကျွန်တော့်ကိုလာဆွဲမထည့်နေနဲ့!! Jiminနဲ့ ပေါင်းနေတယ်ဆိုတာ သူကခင်ဖို့ကောင်းတာရော ကျွန်တော့်စိတ်ခံစားချက်တွေကိုနားလည်ပေးတာကြောင့်ရောပဲ!!!"

နဂိုဩသည့်အသံက ဒေါသထွက်နေသောကြောင့်ဟိန်းနေသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင် မဂ္ဂဇင်းဖတ်နေသော အမျိုးသားက မဂ္ဂဇင်းမှအကြည့်မလွှဲပဲ

"ငါတို့အပေးအယူလုပ်ထားတာကိုမမှတ်မိဘူးလား Kim Taehyung......မင်းလုပ်ချင်တယ့်အရေမရ အဖတ်မရ အဆိုတော် လုပ်မယ်ဆိုရင်ငါခိုင်းတာကိုလည်းမငြင်းပဲလုပ်ပေးရမယ်ဆိုတာမေ့နေပြီလား.........အခုမင်းကိုလူသတ်ခိုင်းနေတာလည်းမဟုတ်ဘူး........အဲ့ဒီကောင်လေးဆီကနေသူ့အဖေရဲ့လှုပ်ရှားမှုတွေအကြောင်းမသိမသာမေးခိုင်းနေတာ"

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now