7(uni+Zg)

979 152 31
                                    

7

နံနက်အာရုဏ်တတ်သည့်အချိန်ထိ မြို့တော်ဝန်၏အိမ်တော်ကြီးထဲတွင် လူများယောက်ယက်ခတ်နေကြသည်။ မြို့တော်ဝန်ကလည်းဖုန်းတစ်လုံးဖြင့်အလုပ်ရှုပ်နေသလို NamJoonသည် လည်း အိမ်တော်အပေါက်ဝတွင် ဝင်လာသမျှကားများအားလည်တစ်မျှော်မျှော်ဖြစ်နေလေသည်။ အကြောင်းအရင်းကတော့ Jiminအား ယခုထိရှာမတွေ့သေးတာကြောင့်ဖြစ်သည်။ ထိုသတင်းသည် အင်တာနက်တစ်ခွင်ပျံ့နှံ့သွားပြီး အုပ်အော်သောင်းနင်းဖြစ်နေလေသည်။ အိမ်တော်ထဲသို့အပြေးဝင်လာသော သက်တော်စောင့်တစ်ဦးက

"စျေးတန်းထဲမှာ သူဋ္ဌေးMin နဲ့စကားပြောနေတာကိုနောက်ဆုံးတွေ့ခဲ့ပါတယ်တဲ့ မြို့တော်ဝန်......"

"ဘာ!!! ဒီကောင်! သူ့ဆီဆက်သွယ်ကြစမ်း!!!"

"ဟုတ်ကဲ့ပါ မြို့တော်ဝန်"

==================

တစ်ဖက်တွင်ပူလောင်နေသလောက် တစ်ဖက်တွင်တော့ငြိမ်းအေးလျက်ရှိသည်။ လယ်ကွင်းတွေသာရှိပြီး အိမ်ခြေနည်းတာကြောင့် မနက်ခင်းအချ်ိန်သည်အေးစိမ့်စိမ့်ဖြစ်နေသည်။ မွေ့ယာခင်းတစ်ခုနှင့်ခေါင်းအုံးတစ်လုံးသာရှိသောကုတင်ပေါ်ရှိ လူသားနှစ်ဦးအနက် တစ်ဦးမှာတော့အိပ်ပျော်နေလျက်ရှိပြီး ချမ်းစိမ့်စိမ့်ရာသီဥတုကြောင့် နွေးထွေးရာနေရာသို့အတင်းတိုးဝင်နေသည်။ ထိုတိုးဝင်လာသော ကိုယ်ငယ်လေးအားကြည့်ကာ သူ၏ဆုံးဖြတ်ချက်များ မှားနေမည်လားစိုးရိမ်နေသောသူတစ်ဦးလည်းရှ်ိသည်။

last night.....

ညနေရောက်သည်အထိ စကားမပြောကြပဲ တစ်ယောက်တစ်နေရာထိုင်နေရင်းမှ Jungkookဘက်က စကားစလိုက်သည်။

"ဒီအိမ်က ကိုယ့်ဆရာလိုရိုသေရတယ့် သူရဲ့အိမ်လေ......"

Jungkook၏စကားသံကြောင့် ပြတင်းပေါက်မှလယ်ကွင်းတွေအားငေးနေရင်းမှလှည့်ကြည့်လိုက်သည်။

"သူဆုံးခါနီးတော့ ဒီအိမ်ကိုကိုယ့်ဆီမှာ အပ်ထားခဲ့တာ.......သူ့အတွက်တန်ဖိုးရှိတယ်ဆိုတာကြောင့်ရော ဒီနေရာလေးကတိတ်ဆိတ်ပြီး နေလို့ကောင်းတာကြောင့်ရော.....ကိုယ်လည်းအခုချိန်ထိစောင့်ရှောက်ပေးနေခဲ့တာ......ဒီအိမ်ကို နှစ်ပတ်လည်တ်ိုင်းလာဖြစ်တယ်.....ဒီနေ့ကနှစ်ပတ်လည်နေ့လေ....."

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now