27(uni+Zg)

845 121 20
                                    

အမတ်Kim၏ ခြံရှေ့သို့ရောက်သည့်အခါ ကြိုတင် မှာကြားထားသည့် အတိုင်း ကင်းလှည့်တပ်ဖွဲ့ နှင့် နယ်မြေခံရဲတပ်ဖွဲ့ တို့၏က ားနှစ်စီးရောက်နှင့် နေပြီ ဖြစ်သည်။ SeokJinနှင့် Hoseok ကားပေါ်မှ ဆင်းလာသည့်အခါ ထိုရဲတပ်ဖွဲ့ဝင်တို့က အလေးပြုပြီး ခေါင်းဆောင်ဟုထင်ရသည့် ရဲတပ်ဖွဲ့ဝင် က SeokJinထံ စာရွက်တစ်ရွက် ကမ်းပေးသည်။ ထိုစာရွက်က ရှာဖွေစစ်ဆေးခွင့်အမိန့်စာရွက်ဖြစ်သည်။ SeokJinသည်ထိုစာရွက်အား အတည်ပြု ပြီးသည်နှင့် အမတ် Kim ၏ ခြံတွင် လုံခြုံရေးယူထားသော လူနှစ်ယောက်အား ထိုစာရွက်နှင့်သူ၏ID cardအား ထုတ်ပြကာ ခြံတံခါးဖွင့်ခိုင်းလိုက်သည်။

ထိုလုံခြုံရေးက ဖုန်းဖြင့်ခနစကားပြောလိုက်ပြီး ခြံတံခါးဖွင့်ပေးသည်။ အမတ်Kim၏ခြံဝန်းထဲသို့ဝင်ကြရင်း SeokJinက

"နေရာမလပ်သေချာရှာရမယ် ဘယ်သဲလွန်စကိုမှလွတ်သွားလို့မဖြစ်ဘူး!! နားလည်ကြလား!!"

""""""""ဟုတ်ကဲ့"""""""""

အိမ်ထဲသို့ဝင်လာသည့်အခါ အမတ်Kimက ဧည့်ခန်းတွင်ထိုင်၍ဝိုင်သောက်နေသောကြောင့် SeokJinနှင့် Hoseok တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသွားသည်။ SeokJinက အမတ်Kimအရှေ့သို့ လျှောက်သွား၍ အရိုအသေပေးကာ

"နှောင့်ယှက်ရတယ့် အတွက်တောင်းပန်ပါတယ်......စစ်ဆေးစရာလေးတွေရှ်ိနေလို့ အတူတူပူးပေါင်းပေးပါ........."

"စိတ်ကြိုက်စစ်ပါ....."

အမတ်Kim၏ ပုံစံမှာအလွန်ပင်အေးအေးဆေးဆေးနိုင်လွန်းနေသဖြင့် SeokJin တွေးနေရလေပြီ။

"မြေအောက်ခန်းတွေဘာတွေရှ်ိနိုင်တာမို့ နံရံတွေကိုသေချာဂရုစိုက်စစ်ကြ!"

Hoseokနှင့် ကင်းလှည့်တပ်ဖွဲ့အား အိမ်ထဲ၌ ရှာဖွေခိုင်းပြီး SeokJinက နယ်မြေခံတပ်ဖွဲ့အားဦးဆောင်ကာ ခြံထဲတွင် ရှာဖွေရေးပြုလုပ်သည်။ SeokJinသွားရာအနောက်သို့ အမတ်Kim၏ သက်တော်စောင့်များက တကောက်ကောက်လိုက်သည်။

ခြံ၏အနောက်ဘက် ဂေါက်ဖ်ကွင်းသို့ရောက်သည့်အခါ SeokJin၏ခြေလှမ်းများရပ်တန့်သွားသည်။ အရှေ့တွင်မြင်နေရသော ထင်းရှူးပင်အတန်းလိုက်အား လက်နှိပ်ဓာတ်မီးဖြင့်ကြည့်၍ ထိုအပင်များအနားသို့တိုးကပ်သွားလိုက်သည်။

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now