23(uni+Zg)

862 119 40
                                    

"112 စင်တာကပါ.......အသက်၂၃ အရွယ်အမျိုးသမီးဖြစ်တယ့် Lee HaNa.... သူမကုမ္ပဏီရဲ့မြေအောက်ကားပါကင်မှာ တိုက်ခိုက်ခံရတယ်လို့တိုင်ကြားချက်ရထားပါတယ်......တိုင်ကြားသူ Lee Hanaက လက်ရှိတရားခံရဲ့လက်ထဲကနေပုန်းကွယ်နေရပြီး ပြောကြားချက်အရ တရားခံရဲ့လက်ထဲမှာသံလုံးတစ်လုံးလည်းရှိနေပါတယ်........ကွင်းဆက်တရားခံဖြစ်နိုင်ချေများတာမို့ အရေးပေါ်အခြေအနေ code zeroအဖြစ်သတ်မှတ်ပါမယ်......."

ရေဒါမှတဆင့်ရဲမေတစ်ဦး၏ အရေးပေါ်ကြေညာချက်နှင့်အတူ အရေးပေါ်အသိပေးသည့်အသံပါကြားရသည့်အတွက် Hoseokတို့အဖွဲ့သည် ကျည်ကာအင်္ကျီ များဝတ်ကာ သေနတ်အားခါးကြားထိုး၍ဆက်သွယ်ရမည့် bluetooth နားကြပ်အားနားတွင်ဝတ်ဆင်လိုက်ပြီး လိုအပ်သည့်ကိရိယာတန်ဆာတို့ကိုလည်းဝတ်ဆင်ကာ အခန်းအပြင်သို့ထွက်လာချိန်တွင် တခြားအဖွဲ့တစ်ခုကလည်းအဆင်သင့်ဖြစ်နေသည်။ Hoseokကသူ၏နားမှ နားကြပ်အားခလုတ်နှိပ်၍ ကျည်ကာအင်္ကျီ ၏ရင်ဘက်တွင် တပ်ဆင်ထားသောစကားပြောစက်အသေးလေးအနားသို့ခေါင်းအနည်းငယ်ငုံ့လိုက်ပြီး

"စုံစမ်းရေး အဖွဲ့၃နဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၁ထွက်ခွာပါမယ်.......တိုင်ကြားသူနဲ့ချ်ိတ်ဆက်ပေးပါ"

Hoseokက လက်အမူအယာဖြင့်သုံးယောက်တစ်ဖွဲ့သွားရန်ညွှန်ကြားလိုက်ပြီး Boraနှင့်အတူနောက်ထပ်စုံထောက်တစ်ယောက်နှင့်အတူ သူ၏ကားရှိရာသို့ပြေးထွက်ခဲ့သည်။ Boraကအနောက်ခန်းတွင်ထိုင်လိုက်ပြီး စုံထောက်ချွဲက မောင်းသူနေရာတွင်ဝင်လိုက်၍ Hoseokကဘေးခုံတွင်နေရာယူလိုက်သည်။ ခါးပတ် ပတ်နေသည့်အချိန်တွင်ရေဒါမှအမျိုးသမီးတစ်ယောက်ရဲ့အသံကိုကြားရသည်။

"ဟယ်လိုကြားရပါသလား တိုင်ကြားသူ..."

"ဟုတ်....ကဲ့"

အသံကတိုးလွန်းနေပြီးတုန်ရီကာမောဟိုက်နေသည်။

"အခု လုံခြုံတယ့်နေရာမှာရှိနေရဲ့လား ကျွန်တော်တို့ထွက်လာနေပြီမလို့ခနပဲတောင့်ခံပေးထားပါ.....အခုအဲ့ဒီနေရာကဘယ်မှာလဲ"

"ဂမ်းနမ်ရပ်ကွက် မှာရှိတယ့် Youthအာမခံကုမ္ပဏီမှာပါ.......မြန်မြန်လာပေးပါ စုံထောက်ကြီး"

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now