17(uni+Zg)

878 140 30
                                    

" ရားး....အများကြီးမသောက်ကြနဲ့........ မပြန်နိုင်ပဲနေမယ်"

"Se Ho hyungကလည်း မွေးနေ့လေးမှာ ကပ်စီးမနည်းစမ်းပါနဲ့......."

အာလေးလျှာလေးဖြင့်ပြောနေကြသော လက်အောက်ငယ်သားများအားကြည့်ကာခေါင်းကုတ်၍

"ကပ်စီးနည်းရမှာပဲ.....မင်းတို့ကအခု မွေးနေ့အကြိုဆိုပြီးကျွေးခိုင်းတယ် မနက်ကျရင်လည်း မွေးနေ့အတည်ဆိုပြီးကျွေးခိုင်းဦးမှာ...... ပြီးတော့မနက်ဖြန်ကျရင် အကိုကြီးခိုင်းထားတာတွေလည်းရှိတယ်လေ......မထနိုင်ရင်ငါတို့အကုန်သေမှာကွ......"

အကိုကြီးဟူသောအသံကြောင့်အရက်ငှဲ့နေသောလက်များရပ်တန့်သွားကြကာ ဖင်ကုတ်ခေါင်းကုတ်လုပ်နေကြသည်။

"အဲ့ဒါဆိုလည်း ပြန်မယ်ဗျာ.......မနက်မှနောက်တစ်ဝိုင်းပေါ့ ဟဲဟဲ...."

"အေးပါမွေးနေ့လက်ဆောင်ကြတော့မပေးကြနဲ့ သွား ပြန်ကြတော့ ငါလည်းပြန်ပြီ"

လမ်းဘေးဆိုဂျူဆိုင်လေးမှ လူစုခွဲကာအိမ်ပြန်ခဲ့ကြသည်။ Jan Sae Hoနှင့် နှစ်ယောက်သည် အတူတူပြန်ပြီးကျန်သည့် ၅ယောက်မှာအတူတူပြန်သည်။ အရက်ရှိန်ကြောင့်ယိုင်ထိုးနေသော ကိုယ်များအား တစ်ယောက်နှင့်တစ်ယောက်တွဲကာခြေလှမ်းမှန်အောင် လျှောက်နေရသည်။

"Sae Ho hyng..... ကားငှားသွားကြမလား ကျွန်တော်မလျှောက်နိုင်တော့ဘူး........အရမ်းမူးနေပြီ.......အွတ်! ဝေါ့......."

"ဟာ......ဒီကောင်"

လမ်းလယ်ခေါင်တွင် တဝေါ့ဝေါ့အန်နေသော သူအားကျောမှဖိပေးကာ

"အဲ့ဒါကြောင့်ပြောတာပေါ့.......အေ အေ...ကားငှားသွားကြမယ်........"

ခေါင်းမထောင်နိုင်တော့သောလက်အောက်ငယ်သားအားကျန်တစ်ယောက်နှင့်တွဲကာ ခေါ်လာပြီး ငှားရမည့်ကားအားတမျှော်မျှော်ကြည့်ရသည်။ ရုံးဆင်းအလုပ်ဆင်းချိန်ဖြစ်၍ တက္ကစိီကားများမှာ လူလွတ်သည့်ကားရှားနေသဖြင့် ငှားရန်ခက်ခဲနေသည်။

"အား Sae Ho hyung.......ကျွန်တော်ထွက်ကျတော့မယ်.....သန့်စင်ခန်း"

"ဒီကောင်ကတကယ့်အရှုပ်ထုတ်ကွာ...."

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now