9(uni+Zg)

889 149 11
                                    

စာကြည့်ခန်း၏ မှန်ပြတင်းပေါက်မှ ခြံထဲသို့ငေးနေသော မြို့တော်ဝန်သည် ပြီးခဲ့သောရက်အကြောင်းကိုပြန်စဥ်းစားနေမိသည်။ Jungkook ခြံထဲမှထွက်သွားပြီးခနအကြာတွင် သူ၏လူယုံဖြစ်သော Jung Hoseok ထံမှ ဖုန်းဖြင့်ဆက်သွယ်လာသည်။

"ဟိုရှေ့နေကောင်အကြောင်း ဘာထူးလဲ"

"အဲ့ဒါက.......သူက ပါးနပ်တယ်မြို့တော်ဝန်..... သူ့ရဲ့နောက်ကြောင်းရာဇဝင်တွေအကုန်ဖျောက်ထားတယ်......အခုချိန်ထိသိရသေးတာဆိုလို့ သူ့မိဘတွေက လည်းရှေ့နေတွေဆိုတာပါပဲ......ကျန်တာကလုံးဝကိုအစဆွဲထုတ်လို့မရတာပါ မြို့တော်ဝန် "

Hoseok၏ စကားကြောင့် မြို့တော်ဝန်ကခဏတာ တိတ်ဆိတ်သွားသည်။

"ရှေ့နေကောင်ဘက်ကမစုံစမ်းပဲ သူ့အဖိုးဘက်ကစုံစမ်းကြည့်ရင်ရော......"

"အမ်းး....အဲ့လိုလုပ်ကြည့်လိုက်ပါမယ် မြို့တော်ဝန်ဗျ"

"ကောင်းပြီ Hoseokie.... "

သာမန်ရှေ့နေတစ်ဦးသာဆိုလျှင် သူ၏နောက်ကြောင်းရာဇဝင်အား ဖျောက်ဖျက်ထားစရာအကြောင်းမရှိပေ။ ကိုယ်ရေးအချက်အလက်ဖျောက်ထားသည့်သူ၊ စေ့စပ်ထားသည့်မိန်းကလေးရှိပါလျက်နဲ့ သူ၏သားအငယ်ထံသို့ချဥ်းကပ်လာသည့်သူ၊ တိုက်ဆိုင်ခြင်းမျိုးမဟုတ်ပဲ ကြိုတင်ကြံစည်ထားသည့် အတိုင်းတဆင့်ပြီးတဆင့် အနားရောက်လာတယ့်သူ၊ ရန်သူကိုအနားမှာထားလျှင် အန္တရာယ် ရှိသည်ဆိုပင်မယ့် ရန်သူ ၏အကြောင်း ပိုမိုသိရစေရန် သူဆင်ထားသည့်ဂွင်ထဲသို့ မသိဟန်ဆောင်ကာဝင်ရတော့မည်။

==================

ကုတင်ပေါ်တွင်ထိုင်ကာ ခေါင်းငုံ့၍ခြေလွှဲနေသူက သူ့အားမော့မကြည့်သလိုစကားလည်းမပြောပေ။ ရုတ်တရက်ကြီးစီစဥ်လိုက်မှုအပေါ် စိတ်ဆိုးနေခြင်းလည်းဖြစ်နိုင်သည်။မတတ်နိုင်ပါ စိတ်ဆိုးစိတ်ကောက်နေမှုအား ထိုင်ချော့နေရအောင် ထိရင်းနှီးမှုလည်းမရှိသလို လုပ်လည်းမလုပ်တတ်ပေ။ သူ့အတွက်ယခုအချိန် စဥ်းစားစရာမှာ သူ၏အခုသတင်းအား အဖိုးဖြစ်သူဆီနှင့် ချွဲဆိုယွန်းဆီသို့မရောက်စေရန်သာဖြစ်သည်။ တော်သေးသည်က မင်္ဂလာ ပွဲမလုပ်ထားခြင်းကြောင့် အပြင်လူတွေမသိနိုင်။ ဒီလိုဆိုပါက သူ၏ရည်ရွယ်ချက်ဖြစ်သော မြို့တော်ဝန်၏မကောင်းမှုတို့အားဖော်ထုတ်ရန်ကိုသာကြိုးပမ်းရတော့မည်။ မြို့တော်ဝန် ၏အချက်အလက်များအား ရယူရန်အတွက်က မြို့တော်ဝန်၏အခန်းအားသိရန်လိုအပ်နေသည်။

𝐓𝐇𝐄  𝐌𝐔𝐑𝐃𝐄𝐑!! { Completed }Where stories live. Discover now