တစ်ကယ်ချစ်ခဲ့မိပါတယ် part 1

982 16 0
                                    

အပိုင်း ၁

🍓မ....ကိုချစ်တာ
ရင်ထဲကမို့
အသည်းလေးကွဲအောင်
မရက်စက်နဲ့နော်....

အလုပ်ရုံတစ်ခုမှာ မနဲ့အတူတူ ဆုံတွေ့ခွင့်ရခဲ
အလုပ်ပြီးသွားရင် မတို့က အကုန်အိမ်ပြန်အိပ်ကြပြီး
ကိုယ်ကတော့ ပိုင်ရှင်တွေနဲ့အတူ အလုပ်ရုံမှာပဲ
အိပ်တယ်ပေါ့ သူဌေးနဲ့ကိုယ်နဲ့က အရင်ကတည်းကရင်း
ရင်းနှီးပြီးသားသူတွေမို့....

ကိုယ့်ကိုယ်ကို မိန်းကလေးချင်း စိတ်ဝင်စာမိလိမ့်မယ်လို့
တစ်ခါမှ မထင်ခဲ့မိပါဘူး.....
မ နဲ့ မတော်တဆ လက်ချင်းထိမိရင် ဘယ်ဘက်ရင်အုံက
သိသိသာသာ ရင်တွေခုန်မိတယ်
မရဲ့အနားကနေ မသိမသာ ဖြတ်သွားမိရင်
အသက်ရှူမှားလောက်တဲ့ မရဲ့ ကိုယ်သင်းနံ့လေးက
လူကို တုန်လှုပ်စေတယ်
တစ်ကယ်ကို ချစ်မိနေပါပြီ မ... ရယ်...

တိတ်တိတ်ကလေးပါပဲ
ကြိတ်ကြိတ်ဆွေးခဲ့တာကြာပြီ
သခင်မသိမြင်မကြည့်လည်း
ရင်မှာ အတိအကျရှိခဲ့ပြီ။

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now