Part.5

193 4 0
                                    

Part. 5

တစ်ခုသော နံနက်ခင်းလေးမှာ...
၇ နာရီထိုးတော့မယ်ဆိုတော့
အလုပ်သမားတွေလည်း အရှိူအရှိူလာကြပြီ
ခိုင် လည်း နံနက်စာထွက်ဝယ်ဖို့
စက်ဘီးလေးတွန်းပြီး အိမ်ရှေ့ရောက်တော့
မ ကို အစ်ကိုကြီးတစ်ယောက်နဲ့
ရပ်ပြီးစကားပြောနေတာကို တွေ့လိုက်ရတယ်

မ မျက်နှာလေးက သိပ်ကို ပြုံးလို့နေပါလား
အဲဒီအစ်ကိုကြီးကလည်း
ရည်ရည်မွန်မွန်လေးမို့ ခိုင် ကြည့်နေရင်း
အလိုလို အားငယ်လာမိပါတယ်
အလိုက်မသိလွန်းတဲ့ မျက်ဝန်းမှာလဲ
မျက်ရည်တွေက ဝဲလို့ပေါ့

အသက် ၁၆ နှစ်သာသာ ရှိသေးတဲ့
ကောင်မလေးတစ်ယောက်က
အားကိုးချင်စရာကောင်းလှတဲ့
ယောင်္ကျားလေးတစ်ယောက်နဲ့ယှဥ်ပြီး
မ ကို မလုရဲပါဘူး...
အခြေအမြစ်မရှိတဲ့ ခိုင့်ဘဝထဲကိုလည်း
မ ကို ဆွဲမခေါ်ရက်ဘူးလေ....

မိဘရင်းတွေမရှိတော့ပဲ အဒေါ်ရင်းကိုသာ
အမေခေါ်နေရတဲ့ မ ကရော
ခိုင့်လို မလောက်လေးမလောက်စားအတွက်နဲ့
မိဘရင်းကို ခြေစုံကန်ပြီး ခိုင့်လိုလူကို
ရွေးချယ်မတဲ့လား....
ဝေးပါသေးတယ် ဖွင့်ပြောခွင့်တောင်မရှိတော့ပဲ ဒီအတိုင်းလေးပဲ ဝေးရတော့မှာလား
မ ရယ်......

အဲ့နေ့ကတည်းကရင်း....
အလုပ်ထဲမှာ မ နဲ့ မျက်နှာချင်းမဆိုင်မိအောင်
ရှောင်နေမိတာ ခုဆို တစ်ပတ်တောင်ရှိခဲ့ပြီ
ဒီနေ့တော့ ထင်မှတ်မထားပဲ မ နဲ့
ပက်ပင်းကြီးကို တိုးပါတယ်...
မ က ခိုင့်ရဲ့လက်ကို လှမ်းဆွဲတယ်..

"ခိုင် ဘာဖြစ်နေတာလဲ ဘာလို့ မ ကို
စကားမပြောတာလဲ...
ဒီရက်ပိုင်းအတွင်း ခိုင် သိသိသာသာ
မကို ရှောင်နေတယ်နော်..
မ ကို ဘာမကျေနပ်တာရှိလဲ ပွင့်ပွင့်လင်းလင်ပြော...

ခိုင် မ လက်ကလေးကို ညင်ညင်သာသာ
ဆွဲဖြုတ်လိုက်တယ်

" ဘာမှ မဖြစ်ဘူး မ... ခိုင် ဒီရက်ပိုင်း
စိတ်သိပ်မကြည်လို့....

" အော်.... ဟုတ်လား...?

မကပြောရင်း ခိုင့်ကို ဆွဲဖက်ထားတယ်
ခိုင် အလိုလို ဝမ်းနည်းမိပါတယ်
မပိုင်ဆိုင်ရမှန်း ကြိုသိနေတော့ တတ်နိုင်သလောက်လေး
ရင်ခုန်သံတွေ ထိန်းချုပ်ထားပါရစေ
မ... ရယ်......

" ခိုင်.... မ ကို ကြည့်စမ်း....
ခု ခိုင် တကယ် ဘာဖြစ်နေလဲ ခိုင့် မိဘတွေကို
လွမ်းလို့လား... ဒါမှမဟုတ် ခိုင့်မှာ
ပြဿနာတစ်ခုခု ရှိနေလို့လား....
မ ကူညီနိုင်တာ ရှိရင်ပြောနော်...
မ ကို ကိုယ့်အစ်မရင်းတစ်ယောက်လို့
ဘာပဲဖြစ်ဖြစ် တိုင်ပင်လို့ရတယ်နော်....

ခိုင် မ ရင်ခွင်ထဲကနေပြီး အတင်းရုန်းထွက်လိုက်မိတယ်

"ဟုတ်ကဲ့ မ...  ခိုင် စာရင်းစစ်စရာရှိလို့
သွားလိုက်ဦးမယ်နော်

ဒီကောင်မလေး ဘာဖြစ်နေမှန်းကိုမသိဘူး
နွေလည်း စိတ်ထဲကနေပြောပြီး
လုပ်စရာရှိတာ ဆက်လုပ်နေလိုက်တယ်...

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now