Extra 1

276 8 0
                                    

5 နှစ်ခန့်ကြာသော်...

ဇာနည်မနှင့်ချယ်ရီမေသည် ခိုင်သဇင်သက်
နေထိုင်ရာ မန္တလေးတိုင်းဒသကြီး
အမရပူရမြို့နယ် ကင်းဘက်ကျေးရွာဘက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြပါသည်...

ခိုင်က အိမ်မှာတင် အမေနဲ့ စက်ချုပ်ဆိုင်လေး
ဖွင့်ထားပြီး ဝါသနာအရ စာအုပ်
အငှားဆိုင်လေးလည်း ဖွင့်ထားပါသည်
တောရွာဆိုတော့ အဟောင်းလေးတွေပဲ
တင်ထားခြင်းဖြစ်သည် မန္တလေးသွား
ဖြစ်တဲ့နေ့တွေမှာ စျေးချို နာရီစဥ်နားက
ညစျေးတန်းမှာရောင်းတဲ့ ကိုယ်ဖတ်ချင်တဲ့
စာအုပ်လေးတွေ ဝယ်လာပြီး တင်ထားခြင်း
ဖြစ်ပါသည်
ဖုန်းခေတ်ဆိုတော့ စာအုပ်
သိပ်မဖတ်ကြပေမယ့်... တစ်ချို့လူကြီးပိုင်းနဲ့
လူလတ်ပို​င်းအနည်းငယ်က
တစ်ခါတစ်လေ လာငှားကြတာမို့
ကိုယ်လည်း ဖတ်နေတဲ့အတူတူ
တင်ထားခြင်းဖြစ်သည်...
အေးအေးဆေးဆေး နေတတ်သူမို့
ချမ်းသာရဖို့ အဓိက မထားပဲ
အိုးမကွာ အိမ်မကွာ နေရပြီး စိတ်ချမ်းသာရဖို့သာ အဓိကထားသူမို့ ကိုယ့်ဘဝလေးနဲ့
ကိုယ်တော့ အေးအေးချမ်းချမ်းလေး
နေထိုင်စားသောက်နိုင်သူ ဖြစ်ပါသည်

အပ်ထည်တွေ ဒီနေ့ အပြီးသတ်ပြီးပြီမို့
ဂျူးရဲ့ အမှတ်တရ စာအုပ်လေးကို
ပြန်ဖတ်နေမိပါတယ် ဒါနဲ့ဆို
၇ ကြိမ်မြောက် ပြန်ဖတ်ခြင်းပါ

" ခိုင်... ရေ... ဒီမှာ ဧည့်သည်နှစ်ယောက်
ခိုင်နဲ့တွေ့ချင်လို့တဲ့...

အိမ်ရှေ့က အော်က အော်သံကြားတာနဲ့
ခိုင် ဖတ်လက်စ စာအုပ်လေး
လက်ကကိုင်ထားရင်း ရှေ့ထွက် ကြည့်မိတယ်...

" ဟာ... ဇာနဲ့...မေ.... နင်တို့ ဘယ်လိုရောက်လာကြတာလဲဟ...

ဇာနည်မက ခပ်စွာစွာနဲ့ ပြန်ပြောတာက

"အိမ်ထဲမခေါ်တော့ဘူးလားဟင်

" ဟား.... ခေါ်ပါတယ် ဇာ.. ရယ် လာပါ
နင်ကလည်း အရင်လို စွာတုန်းပဲ

ငါဘယ်မှာစွာလို့လဲ နင်ရှောက်ပြောမနေနဲ့
ခိုင်... ငါနင့်ကို သိပ်ကျေနပ်တာ မဟုတ်ဘူး...

" ဟော လုပ်ပြန်ပြီ...

မေကတော့ ခပ်အေးအေးနေတတ်သူပီပီ
ခိုင်တို့နှစ်ယောက်ကို ပြုံးလို့ ကြည့်နေလေရဲ့

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now