Part 4

242 3 0
                                    

တစ်နေ့...
အလုပ်ရုံထဲ လှည့်ကြည့်နေတုန်း
မ က မေးလာတယ်

'ခိုင်... မ တို့ ရပ်ကွက်ထဲမှာ ဇာတ်ပွဲရှိတယ်
ခိုင် လိုက်ကြည့်ချင်လား...?

" ကြည့်ချင်တယ် မ... ဘယ်နေ့လဲဟင်
ခိုင် ပြန်ချင်တဲ့အချိန် မ က ပြန်လိုက်ပို့
ပေးမှာလား....?

'မနက်​ဖြန် အင်း.. လိုက်ပို့ပေးမယ်လေ

" အာ့ ဆို ကြည့်မယ် မ....

မနဲ့ တစ်ညလုံးအတူတူ ပွဲကြည့်ရမယ့်
အခွင့်အရေးကို ဘယ် လက်လွတ်ခံလို့
ဖြစ်မလဲနော်
အဲဒါနဲ့ပဲ သူဌေးဆီက ပွဲကြည့်ခွင့်တောင်းပြီး
သွားကြည့်ဖြစ်ခဲ့တယ်ပေါ့

ညဘက်မှာ ကိုယ်ကြိတ်ချစ်နေရတဲ့ မ ရဲ့
လက်ကလေးကိုဆွဲပြီး လမ်းလျှောက်ခွင့်ရတဲ့
ကြည်နူးမှုလေးဟာ ဘာနဲမှ လဲလို့မရပါဘူး

ပွဲခင်းထဲရောက်တဲ့အခါ မ ရဲ့အနားပဲ
ကပ်ပြီးထိုင်ဖြစ်တယ် စတိတ်ရှိုးကြည့်ပြီးသွားတာနဲ့ မ ရဲ့ပေါင်ပေါ်မှာ
ခေါင်းလေးတင်ပြီး ခပ်တည်တည်နဲ့
အိပ်ပစ်လိုက်တယ်
ဗရမ်းဗတာခုန်နေတဲ့ ရင်ခုန်သံတွေ
ထိန်းရင်းနဲ့ပေါ့ မ ရဲ့ လက်ကလေးကိုလည်း
ရူးချင်ယောင်ဆောင်ပြီး ကိုင်ထားလိုက်ပါသေးတယ်....
ဒီလိုနဲ့ပဲ ကိုယ့်ရဲ့ညလေး
တစ်ခဏတာ လှပခဲ့ပါတယ်

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now