Extra 2

192 5 0
                                    

Extra 2

နံနက် 5 နာရီ အချိန် ဖြစ်သည်

ခိုင် ခန္ဓာကိုယ်တစ်ခုလုံး လေးလံနေတယ်လို့
ခံစားရလို့ နိုးလာခဲ့သည်...
ဇာနည်မက ခိုင့်လည်ပင်းကို
အသေဖက်ထားပြီး အိပ်မောကျနေလေရဲ့
ချယ်ရီမေကတော့ သူ့ခြေထောက်ကြီးကို
ခိုင့် ခန္ဓာကိုယ် တစ်ခုလုံးပေါ်
ပစ်တင်ထားလေရဲ့...

ခိုင် သူတို့နှစ်ယောက်စလုံးကို
အသာတွန်းထုတ်ပြီး ဖြည်းဖြည်းထလိုက်သည် အိပ်မောကျနေကြတဲ့ သူတို့နှစ်ယောက်ရဲ့ အလယ်မှာ ဒူးကလေးတုတ်လို့ထိုင်ပြီး
သူတို့မျက်နှာလေးကို တစ်ယောက်တစ်လှည့်စီကြည့်လို့  ဇာ့ပါးလေးကို အရင်ဆုံး
သူ့လက်ကလေးနဲ့ ဖွဖွလေးကိုင်ပြီး
နူးညံညင်သာစွာ နှုတ်ခမ်းဖျားလေးနဲ့
အနမ်းတစ်ပွင့် ခြွေချလိုက်ပါသည်
ထို့နောက် မေ့ဘက်လှည့်ကာ မေ့ကိုလည်း
နမ်းလိုက်ပါသည်...
ပြီးသွားတော့ အိပ်မောကျနေကြတဲ့
သူတို့မျက်နှာလေးကို တစ်စိမ့်စိမ့်ကြည့်ရင်း
ဆွမ်းလောင်းဖို့ ထမင်းချက်ရန်
အိပ်ရာ တစ်ခါတည်း ထလိုက်ပါတော့သည်

ခိုင်.. ထသွားတော့ ဇာရော မေပါ နိုးလာကြပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးရွှင်နေကြပါတော့သည်

တစ်ချို့သော မေးခွန်းတွေက
ချစ်လားလို့ အပြန်အလှန်မေးကြည့်ဖို့
မလိုပါဘူး သူ့အပြုအမူတွေကပဲ
ခိုင်မာတဲ့ သက်သေတွေ ပြသွားခဲ့တာပါ
............

ဟော.. နိုးလာကြပြီလား...

"အွန်းးး နိုးပြီ ခိုင်... ငါတို့ ဘာကူလုပ်ပေးရဦးမလဲဟင်..

မေ မေးလိုက်ခြင်းဖြစ်သည်

" ပြီးပြီ မေ...  အဆင်သင့်ပဲ လာ စားကြရအောင် ဟင်းတွေ အေးကုန်လိမ့်မယ်...

တောရွာဓလေ့ဆိုတော့ နံနက်စာကို
ထမင်းပဲ အဓိက စားကြပါသည်

" သမီး သမီးသူငယ်ချင်းတွေကို
ရွေရောင်တော်ဘုရားနဲ့ ရွှေစည်းခုံဘုရား
လိုက်ပို့ပေးလိုက်ဦးလေ...

ဒေါ်ခိုင်နှင်းဦးမှ သမီးဖြစ်သူကို
ခိုင်သဇင်သက် အား ပြောလိုက်ခြင်းဖြစ်သည်...

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now