Part. 14

160 4 0
                                    

Part.14

ဘုရားခန်းက ဆင်းလာတော့ ည ၉ နာရီ
ထိုးနေပြီ...
သားသားလည်း စာကြည့်စားပွဲပေါ်မှာ
မှောက်ရက်လေး အိပ်ပျော်နေပြီ..
ကလေးကိုနှိုးပြီး သန့်ရှင်းရေးလုပ်ပေးပြီး
သူ့အိပ်ယာမှာ ပြန်ချော့သိပ်လိုက်တယ်
သူ့မိဘတွေနဲ့က အခန်းခွဲပြီး အိပ်တာဆိုတော့

အစ်မကတော့ ကွန်ပြူတာ တစ်လုံးနဲ့
အလှုပ်ရှုပ်နေလေရဲ့...
ခိုင်လည်း ကလေးစားထားတာတွေ
သိမ်းပြီးတော့ အိပ်ဖို့
စင်ဖို့ တက်လာခဲ့လိုက်တော့တယ်
အဲယားကွန်း မလိုပဲ သဘာဝလေလေးနဲ့
ကြယ်တွေကြည့်ပြီး အိပ်တော့မယ်လေ...

" ခိုင်... အလုပ်တွေပြီးပြီလား...

" အင်း ပြီးပြီ
ဇာ နင်က ဒီမှာ အိပ်မလို့လား...

" ဟုတ်တယ်လေ.... ခိုင်...
ဒီည ငါတို့သူငယ်ချင်းသုံးယောက်
အတူတူ အိပ်မယ်လေ...

" ဇာ... ရယ် ရောက်တုန်းရောက်ခိုက်
နင့်အစ်တွေနဲ့ သွားအိပ်ပါလားဟ...

"ဟာ..မအိပ်ချင်ပါဘူး ငါနင်တို့နဲ့ပဲ
အတူတူ အိပ်ချင်တာ
နင် အလယ်ထဲမှာ အိပ်နော် ခိုင်....

ခိုင် စစ်ကူတောင်းသလို
မေ့ကို လှမ်းကြည့်မိတော့ မေက
သက်ပျင်းချရင်း ခေါင်းပြန်ညိတ်ပြတယ်

ခိုင်လည်း မထူးတော့ဘူးဆိုပြီး
သူတို့နှစ်ယောက်ကြားထဲ ဝင်လှဲလိုက်မိတယ်...

မေက ခိုင့်လက်ကလေးတစ်ဖက်ကို
မသိမသာ လှမ်းကိုင်ထားတယ်

ခိုင်က ပက်လက်အနေအထားဆိုတော့
ဇာ က ခိုင့်နားလေးကို အတင်းတိုးကပ်လာပြီး
ပါးကို မသိမသာ လာနမ်းတယ်
ဒီနှစ်ယောက်နဲ့တော့ ကြာရင်ရူးရပါလိမ့်မယ်
...............
........................

🍓 စာကြွင်း.....
ပြောစရာလေး ရှိလို့ပါ....
ကိုယ် အောင်မြင်ခြင်း ခေါင်းစဥ်နဲ့
ကဗျာတိုလေးတွေ ရေးတင်ထားပါတယ်
ဝါသနာပါရင် ဝင်ဖတ်ပြီး
ကြယ်လေးတွေနှိပ်ပြီး
အကြံဥာဏ်လေးတွေ ပေးကြပါဦးနော်...
ကိုယ် ရေးတဲ့စာလေးတွေကို
ဝင်ရောက်ဖတ်ရှုပေးကြတဲ့
စာပေချစ်သူ တစ်ယောက်ချင်းဆီကို
အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင့် ။ ။

မြသရဝဏ်ခိုင်

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now