Part .17 ဇာတ်သိမ်းပိုင်း

468 7 0
                                    

Part. 17 ဇာတ်သိမ်းပိုင်း

အဲဒီနေ့နောက်ပိုင်း ဇာနဲ့ခိုင်နဲ့က လုံးဝ
အဆက်အသွယ် မရှိတော့ပါဘူး
ဆက်သွယ်ဖို့လည်း မလိုတော့ဘူးလေ
တစ်ယောက်ရဲ့ အမှတ်တရတွေဟာ
တစ်ယောက်ရဲ့ ရင်ထဲမှာ ထာဝရ
ကိန်းအောင်းနေတော့မှာမို့
ဘာပဲပြောပြော အမှတ်တရကောင်းတွေကို
နှစ်ယောက်စလုံး ရလိုက်ပြီးပြီမို့
တစ်သက်တာအတွက် လုံလောက်ခဲ့ပါပြီ
အထူးသဖြင့် ဇာနည်မဆိုတဲ့
ကျောင်းသူလေးကို ခိုင်သဇင်သက် ဆိုတဲ့
ကောင်မလေးကြောင့် ပညာရေးတွေ
မထိခိုက်စေချင်ခဲ့ဘူးလေ...
သတိရတဲ့အခါ သူရောကိုယ်ရော
အေးချမ်းစေဖို့ မေတ္တာသုတ်ရွတ်ပြီး
မေတ္တာပို့ပေးမိပါတယ်....

အတွေးတွေထဲ မျောမိနေတုန်း....

" ခိုင်.... ဒီတစ်ပတ်ပိတ်ရက်ကျရင် ရုပ်ရှင်
သွားကြည့်ရအောင်နော်...
ငါ မန္တလေးရောက်တာကြာပြီ တစ်ခါမှ
ရုပ်ရှင်သွားမကြည့်ဖူးသေးလို့...

" အင်းပါ မေ့သဘောပဲလေ
ဘာကားရုံတင်လဲ မသိဘူးနော်
မြို့ဂုဏ်ရောင်မှာ ကြုံတဲ့ကားပဲ
ကြည့်မှာမို့လား...?

" ဟုတ်

မေ...က ဒီရက်ပိုင်းအတွင်း လိမ်မာနေတယ်
မေ ဆိုတာကလည်း တကယ်တမ်းတော့
ဇာ ပေးခဲ့တဲ့ ဆုလဘ်ပါပဲ
သူ ခိုင့်ဘဝထဲကနေ
အခိုက်အတန့်ထွက်သွားတုန်းကလဲ
ခိုင့်အတွက် သူငယ်ချင်း စီစဥ်ထားပေးခဲ့သလို ခိုင့်ဘဝထဲက ဇာ
အပြီးအပိုင်ထွက်သွားခါနီးတုန်းကလဲ
ခိုင့်ကို အထီးမကျန်ရလေအောင် မေ့ကို
သေချာညွှန်ကြားခဲ့တယ်ဆိုပဲ
တစ်ချို့သော မမေ့နိုင်ခြင်းတွေမှာ
ကျေးဇူးတင်ခြင်းတွေ ပါဝင်နေတယ်
အစစအရာရာ အဆင်ပြေပါစေ ဇာ... ရေ...

ခိုင် ဂျင်းဘောင်းဘီတိုလေးကို
ပေါင်လည်လောက်ပဲ ဝတ်ထားတယ်
တီရှပ်အဖြူရောင်လေးနဲ့ တွဲပြီးတော့ပေါ့
ဆံပင်အရှည်တွေကိုတော့ ဖြန့်ချထားပြီး
နားမှာ နားကွင်းလေးဝတ်လိုက်တယ်
နာရီကိုတော့ ခိုင် အရမ်းကြိုက်တဲ့
ဖက်ဖူးစိမ်းရောင်ကြိုးလေးပါတဲ့ နာရီကိုပဲ
ပတ်လိုက်တယ် ဆိုင်ကယ်မောင်းရမှာဆိုတော့ ဆံပင်ကို ခေါင်းစီးကြိုးလေးနဲ့တော့
စီးထားဦးမှပါပဲ....

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now