Extra 3

445 10 0
                                    

Extra 3

ဒီလိုနဲ့ ဘုရားဖူးပြီးတော့ သုံးယောက်သား
ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်ခဲ့ကြပါသည်

နေ့လည်စာ ထမင်းစားကြပြီး...
ညနေစောင်းအချိန်လေးမှာ

ခိုင်...က

" ကဲ နင်တို့အဓိကသွားချင်နေတဲ့
နဂါးသိုက်နန်းကို လိုက်ပို့ပေးမယ် သွားကြစို့

ရွာဦးကျောင်းဖြစ်တဲ့ ရွှေမုဌောကျောင်းဝိုင်းထဲမှ ဘုရားများအား လှည့်လည်ဖူးမျှော်ကြရင်း ရွာဦးကျောင်းထိုင်ဆရာတော်
ဘုန်းဘုန်းဦးဝိလာသအား
လှူဖွယ်ဝတ္ထုများနှင့်
ရှိခိုးဦးချ၍
စကားများပြောကြပြီး...
နဂါးသိုက်နန်းရှိရာသို့ ဝင်ခဲ့ကြပါသည်

နဂါးသိုက်နန်းသည် အိုးစည်ဗုံမောင်းများနှင့်
စည်ကားသိုက်မြိုက်နေပါတော့သည်
မြို့ပေါ်က လူတော်တော်များများလည်း
ဆိုင်ရာ ဆိုင်ရာ လာရောက် ပွဲထိုး
ပွဲတက်ပြုကြပါသည်

ဇာနှင့်မေမှ သူတို့မိဘများအတွက်
ပွဲထိုးပေးပြီး နဂါးသိုက်နန်းအား
လှည့်လည်ကြည့်ရှုကာ...
ရွှေမုဌောဘုရားအား ဦးချ၍
ပြန်ခဲ့ကြပါသည်...
...................

နောက်ဆုံးနှုတ်ဆက်ည
ခိုင်တို့ အိမ်ရှေ့မှ ခုံတန်းလေးမှာဖြစ်သည်

" ခိုင်... မနက်ဖြန် ငါတို့
ပြန်ရတော့မယ်နော်...

ဇာမှ ထိုသို့ စိတ်မကောင်းသံနှင့်
စကားဆိုပါသည်...

" အွန်း...

ခိုင် လေးသွဲ့စွာ အဖြေပြန်ပေးရင်း...

မေလည်း မျက်နှာမကောင်းပါ

" ခိုင်... နင် ရည်းစားတွေဘာတွေ
ရနေပြီလားဟင်

မေ မေးခြင်းဖြစ်သည်

" မရပါဘူးမေရဲ့ ငါဘယ်သူ့မှ
ထပ်မချစ်တော့ဘူး...

ဇာမှ
" ခိုင်... နင်... နင့်မမနဲ့ရော
တွေ့ဖြစ်သေးလားဟင်...

" ဟင့်အင်း မတွေ့ဖြစ်ဘူး ဇာ..
မမက သူအိမ်ထောင်ပြုပြီးကတည်းက
ငါ့ကို မဆက်သွယ်တော့တာ...
အခု သူ ကလေးနှစ်ယောက်တောင် ရနေပြီတဲ့
နေစမ်းပါဦး
နင်တို့က ငါ့ကိုပဲမေးနေတယ်
နင်တို့ကရော ရည်းစားတွေကိုယ်စီ
ရနေကြပြီလား..

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jan 17 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Nơi câu chuyện tồn tại. Hãy khám phá bây giờ