Part 9

177 4 0
                                    

9

ချယ်ရီမေနဲ့က ဒီရက်ပိုင်းအတွင်း
တော်တော်လေး ရင်းနီးလာခဲ့ပါတယ်

" ခိုင်...
အင်း ပြောလေ မေ...
"ဒီနေ့ည ငါတို့အဆောင်က လူတွေ
အပြင်ထွက်အိပ်ကြမှာ သိလား
မန္တလေးက အရင်းပူလို့လေ
အဲဒါ နင်ကော လိုက်အိပ်ပါလား....

" အင်း မေ..
အပြင်က လေတိုက်တော့
အေးအေးလေး အိပ်ရမယ်ထင်တယ်
လာခဲ့မယ်လေ......
ခြင်ထောင်တော့ နင်ထောင်ရမယ်နော်

္" အေးပါဟယ်.... အေးပါ

ဒီလိုနဲ့ ဒီည မေနဲ့ အတူတူ အိပ်ဖြစ်တယ်

" ပက်လက်အနေအထားနဲ့ လှဲနေတဲ့
မေဟာ တကယ်ကို ချောပါတယ်
သူ့နှုတ်ခမ်းလေးတွေက
ပန်းရောင်သန်းနေတယ်
ရုတ်တရက် မေက
ကိုယ့်လက်ကို လှမ်းဆွဲလိုက်တယ်

" ခိုင်...
ငါ့ဘေးမှာ လာအိပ်....

" အင်းပါ မေ....

" ခိုင်... နင်ငါ့ကို ဖက်မအိပ်ချင်ဘူးလား

" ဟယ်....
မအိပ်ချင်ပါဘူး ပူကပူ လောင်ကလောင်နဲ့

" မရဘူး... ခိုင်...
အဲဒါဆိုလည်း နင်မဖက်နဲ့
ငါ နင့်ကို ဖက်အိပ်ချင်တယ်

" မေ... နော် ဘယ်လို ဖြစ်နေလဲ

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now