Part.15

150 3 0
                                    

Part.15

မေ..က ခိုင့် ခြေထောက်ပေါ်
သူ့ခြေထောက်ကြီး ပစ်တင်လာသလို...
တစ်ဆက်တည်းမှာပဲ ဇာက ခိုင့်
နှာခေါင်းချွန်ချွန်ကို လာဆွဲပြီး
ကလိနေတယ်...
ကိုယ့်ကိုများ သူတို့ဆော့စရာ
အရုပ်ကလေးများ မှတ်နေလား မသိဘူး

"ဇာနည်မနဲ့ ချယ်ရီမေ နင်တို့ ငြိမ်ငြိမ်နေမလား ဒါမှမဟုတ် ငါ တခြားမှာ
သွားအိပ်ရမလား ပြော...

"" ဟယ်... ခိုင်ရယ် ငါတို့က နင့်ကိုချစ်လို့
စတာပါ ဟုတ်တယ်နော် ဇာ....

" အင်းလေ  ခိုင်ကလည်း စိတ်ကြီးပဲ
သူများတစ်ခါတစ်လေ သူနဲ့ လာအိပ်တာကို
အလိုလိုက်မယ် မရှိဘူး ဟွန့်...

" အောင်မလေး.... စကားကို ကြည့်ပြီးပြော
ဇာ... နင်တို့ နှစ်ယောက်စလုံးကို
အလိုလိုက်ရရင်လေ ငါ့မှာ
လူမသိ သူမသိ ဘဝပျက်ရချည်ရဲ့...

" ခိခိ...

" ဘာရယ်တာလဲ မေ...

" ဟဲဟဲ ဘာမှမရယ်ဘူး ဟိုဘက်လှည့်ပြီး
အိပ်တော့မယ် goodnight ခိုင်....
မေ ရောနော်...

" ဟွန့်...

" ဘာ ဟွန့်တာလဲခိုင်... ဘာလဲ နင်မအိပ်ချင်သေးဘူးလား....
ငါနဲ့ အပြင်ထွက်ပြီး စကားပြောရအောင်လေ

" ဟင့်အင်း... ဇာ ... ငါအိပ်တော့မှာ
နင်လည်း ခရီးပန်းလာတာမလား
အိပ်တော့လေ goodnight နော်....

" အင်း goodnight ပါ ခိုင်....
အိမ်မက်တွေ လှပပါစေနော်......

ဒီလိုနဲ့ မနက်မိုးလင်းလာတော့
ကိုယ့်ခန္ဓာကိုယ်ကြီး လေးနေပါတယ်
အောက်မေ့တာ ဇာက ကိုယ့်ကို
အသက်ရှုကြပ်မတတ်ဖက်ထားပြီး
မေကတော့ သူ့ခြေထောက်နှစ်ဘက်လုံး
ခိုင့်ပေါ် ပစ်တင်ထားလေရဲ့....

" ဟိတ် နှစ်ယောက်စလုံး ထကြတော့
ဒီမှာ ငါ သေတော့မယ်ဟ....

အဲဒီတော့မှ နှစ်ယောက်စလုံး ပြူးပြဲထပြီး
ခိုင့်ကို ကြည့်ပြီး ရယ်နေကြလေရဲ့...

ဒီလိုနဲ့ ကိုယ့်တို့ညတွေ
အပူအပင်ကင်းစွာ လှပခဲ့ကြဖူးပါတယ်
..............
...................

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now