Part 3 Uni

371 5 0
                                    

🍓ကိုယ့်နာမည်က ခိုင်သဇင်သက်
ရုပ်ဆိုးတယ် ဆင်းရဲတယ်
စာကိုရေးတတ် ဖတ်တတ်ရုံတာ တတ်တယ်
အသက် ၁၄ နှစ်ကတည်းက မိဘတွေနဲ့
ခွဲပြီး သူစိမ်းအိမ်မှာ ကလေးထိန်း
စာရင်းကိုင်လုပ်တယ်....

စာရင်းကိုင်ဆိုလို့ အထင်ကြီးမသွားနဲ့ဦး
ကိုယ်နေတဲ့အိမ်က အာလူးကြော်တွေ
ဖောက်သည်ပေးတာမို့ အလုပ်သမားတွေ
လုပ်ပြီးသမျှ အထုပ်အရေအတွက်နဲ့
ဖောက်သည်ယူသမျှ စာရင်းတွေကို
မှတ်ရတာပါ...

မ နာမည်က မတင်နွယ်ဦး
ရှင်းပါတယ် သူက ခိုင်တို့အလုပ်ရုံမှာ
အလုပ်လာလုပ်တာ...
ဒီမှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေ
၁၀၀ လောက်ရှိတယ်
ဒါမေမယ့် ခိုင်က မ တစ်ယောက်တည်းပဲ
စိတ်ဝင်စားတာပါ....

မ က အရမ်းချောတဲ့ထဲမှာ မပါပါဘူး
မျက်နှာမှာ ဘာမှ သိပ်ပြင်ထားတာ
မရှိပေမယ့် မ မျက်နှာလေးက ချစ်ဖို့ကောင်းတယ် ရယ်လိုက်ရင်လည်း သွားတက်ဖြူဖြူသေးသေးလေးတွေနဲ့ ကြည့်လို့ကောင်းတယ်
ဒါတင်ဘယ်ကမလဲ မ ရဲ့ ဆံနွယ်
ရှည်ရှည်လေးတွေက သိပ်ပြီး စွဲမက်ဖို့ကောင်းတယ်....

ခိုင်ရေ.....
ထမင်းစားရအောင်လေ....
'ဟုတ်ကဲ့ မမ မအလုပ်ပြီးပြီလား...?
'မပြီးသေးဘူးလေ ထမင်းစားချိန်ရောက်ပြီမို့
မ ဘာဟင်းလဲ....
ခိုင် ကြိုက်တဲ့ ငါးခြောက်ချက်လာတယ်သိလား..
ဟုတ်လား မ.... အသံကြားတာနဲ့ ဗိုက်တောင်ဆာလာပြီ...

မ က ထမင်းကို လက်နဲ့စားတဲ့သူမို့
ခိုင့်အတွက် ငါးခြောက်ရိုးတွေ သေချာ
နွှင်ပေးနေရှာပါတယ်
အိမ်က ဟင်းတွေဘယ်လောက်ကောင်းကောင်း ခိုင်ဆိုတာကလည်း
မ ကိုယ်တိုင်ချက်လာတဲ့ဟင်းနဲ့ပဲ
ထမင်းစားချင်ခဲ့သူပါ.....

ချစ်တယ် မ ရယ်....
ဝေးရမယ့်အကြောင်းတွေ
ကြိုပြီးမတွေးချင်ခဲ့သူပါ

~~~ဟေး ဟေ မမ ဒီမှာလေ မမ မမ
ဖြစ်နေပြီ ~~~

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now