Part. 16. ၁

156 4 0
                                    

Part. 16

အချစ်ဆိုတာ မမျှော်လင့်တဲ့အချိန်မှာ
ရောက်ရှိလာတတ်ပြီး
မမျှော်လင့်တဲ့အချိန်မှာပဲ
ပြန်ထွက်သွားတတ်တယ်...

ဇာနည်မ အလုပ်လုပ်နေတဲ့ပုံလေးကို
အဝေးကလှမ်းငေးမိနေရင်း ရင်ထဲမှာ
ဖော်ပြလို့ မတတ်တဲ့ဝေဒနာတစ်ခု
ခံစားရပါသည် သူမဟာ...
ဆံပင်ရှည်ရှည်လေးနဲ့ ပိန်ပိန်သွယ်သွယ်လေး
ဖြစ်ပြီး မဖြူမမဲတဲ့ အသားအရည်ကို
ပိုင်ဆိုင်ထားပါတယ် မျက်နှာလေးက
ဖြူစင်တဲ့ကလေးနဲ့တူပြီး စကားပြောလိုက်ရင်လည်း သိပ်ကိုချစ်ဖို့ကောင်းလှပါတယ်
စားသောက်ကုန်လုပ်တာဆိုတော့
ဒီအလုပ်ထဲမှာ ဘယ်မိန်းကလေးမှ ဆံပင်
ချမထားရပါဘူး ဆံပင်ရှင်တွေကို ထုံးပြီး
​ဘီးကုတ်နဲ့ ညှပ်ထားပုံလေးက
မသိရင်ပဲ လူကြီးလေးနဲ့တူပြီး တမျိုးလေး
ချစ်ဖို့ ကောင်းနေပြန်ပါတယ်....

ဒီနေ့ အလုပ်အော်ဒါတွေများလို့
အလုပ်သမားတွေအားလုံး ညဆိုင်းဆင်းရမှာ
ဖြစ်ပါတယ် ညနေ ၅ နာရီမှာ
အပြင်ထွက်ပြီး မုန်းစားခွင့်ပေးထားပါတယ်

ခိုင်ကတော့ အပြင်ထွက်ပြီး မုန့်စားလေ့
မရှိပါဘူး ဒီနေ့ အစ်မအမျိုးသားနဲ့အစ်မနဲ့က
အပြင်သွားနေလို့ ခိုင်က သူတို့ခြစ်ပြီးသား
အားလူးတွေကို အရသာနယ်ပေးရမှာ
ဖြစ်ပါတယ် သူတို့တွေ မုန့်စားဆင်းတော့
ခိုင် အလုပ်ထဲရောက်လာခဲ့တယ်...

" ဟင်... ဇာ နင်မုန့်စား မသွားဘူးလား

" မုန့်သွားမစားဘူးလားလို့ မေးတာလား ခိုင်

" ဟုတ်တယ်လေ...

" မသွားတော့ပါဘူး စားချင်တာ မေ့ကို
မှာလိုက်တယ်....

" သြော်......

" ဟို လေ ခိုင် ငါနင့်ကို ပြောစရာရှိတယ်...

" ပြောလေ... ဇာ..

" ငါ နင့်ကို ချစ်တယ် ခိုင်.....

" ငါလည်း နင့်ကို ချစ်တာပဲလေ... ဇာ...

" မတူဘူးဟ....

" ဘယ်လို မတူတာလဲ ဇာ...

" ငါနင့်ကို ၅၂၈ နဲ့ ချစ်တာမဟုတ်ဘူး ခိုင်...
၁၅၀၀ နဲ့ ချစ်တာပါ
ငါ အိမ်ပြန်သွားပြီး ကျောင်းတက်ရတော့
နင့်ကို သတိမရတဲ့ နေ့ဆိုတာ မရှိဘူး
လူကြုံရှိရင် နင့်ဆီကိုပဲ စာတွေရေးပို့ချင်
နေမိတယ် နင့်ဆီကစာကိုလည်း ငါအမြဲတမ်း
မျှော်နေမိတယ်...
နင်ငါ့ကို နောက်ဆုံးစာဆိုပြီး ပို့လိုက်တုန်းက
ငါ အရမ်းခံစားရလွန်းလို့ ငိုမိတယ်
ငါ့ကိုယ်ငါလည်း အံသြမိတယ်
နင်လည်းမိန်းကလေး ငါလည်းမိန်းကလေး
ဆိုပေမယ့် ငါနင့်ကို တကယ်ချစ်မိသွားခဲ့တယ် နင့်ဆီက နောက်ဆုံးလို့ပြောတဲ့
အဆုံးသတ်မှုကြီးကို ငါ ဘယ်လိုမှ
မခံစားနိုင်ဘူး ခိုင်....
ဒါကြောင့် အစ်မတွေကို လွမ်းလို့
ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ကို မရမက
ပြောပြီး ငါ နင့်ကို လာတွေ့တာ...

တကယ်ချစ်ခဲ့မိပါတယ် (Gl) (Completed)                  Where stories live. Discover now